22.တားမရတဲ့သူခိုး(၁)

5.4K 770 22
                                    

ရင်မျိုးနွယ်စုဟူသည် တျန့်ရှအစကတည်းက အမြဲတမ်း ခိုင်မြဲတဲ့မိသားစုချည်နှောင်မှုတွေ ရှိခဲ့တာဖြစ်သည်။

ငယ်ရွယ်သည့် မျိုးဆက်သစ်မိန်းမပျိုလေးတစ်ယောက်က ကလေးတစ်ယောက်ရှိ၍ အိမ်ထောင်ပြုလိုက်ရသည့် အခြေအနေအတွက် ဒါက သိက္ခာကျဖွယ်ဖြစ်ရပ်ခပ်ကြီးကြီးတစ်ခုဆို ရှင်းပါသည်။ မိသားစုရဲ့ဂုဏ်ကို ညစ်နွမ်းစေမှာကလည်း သံသယဖြစ်နေစရာပင်မလို။

အခြားစဥ်းစားတတ်တဲ့ ဘယ်မင်းမျိုးမင်းနွယ်မဆို ဒီလိုအရှက်တကွဲဖြစ်စေတဲ့သမီးကို ပစ်ထုတ်လိုက်ကြမှာဖြစ်သည်။

သို့သော် ရင်မျိုးနွယ်စုဆီမှာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ပေ။
ပထမဆုံး_ သူတို့မိသားစု၏ စီးပွါးရေးအဝင်အထွက်မှန်သမျှသိထားသည့် အရေးပါတဲ့ရင်မျိုးနွယ်စုဝင်တစ်ယောက်အား အဝေးကို ပစ်မထုတ်နိုင်ပါ။

ဒုတိယအချက်_ရင်ဟွားလိန်က မျိုးနွယ်စုရဲ့ ဦးစားပေးဖြစ်တဲ့ အာဏာနှင့်စပ်လျဥ်းတဲ့ ဘယ်စည်းမျဥ်းမျိုးကိုမှ မချိုးဖျက်ခဲ့ပေ။

တတိယအချက်_ ရင်မျိုးနွယ်စု၏ မျိုးဆက်သစ်တိုင်းက ငယ်စဥ်ကတည်းက တင်းကျပ်လွန်းတဲ့လေ့ကျင့်ရေးကို တောင်ခံခဲ့ကြရသည်။ အပြင်ဘက်က လူတိုင်းက အလိုလိုက်ခံရသည့် အလှမယ်လေးနဲ့ ယောင်္ကျားကောင်းများဖြစ်ကြောင်းပြသဖို့ ပြုနေချိန် သူတို့ကမူ အိမ်တော်အတွင်း၌ ကိုယ်ခံပညာဥပဒေအောက်တွင် လက်တွေ့ကျကျကြီးပြင်းလာခဲ့ရသည်။ ရင်ဟွားလိန်က သူတို့၏ အမြင့်ဆုံးစည်းမျဥ်းတွေကို ချိုးဖျက်နိုင်ချေက နည်းလှတာကြောင့် ဒီအဖြစ်အပျက်က ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စနဲ့ဆက်နွယ်နေတာသာ ဖြစ်မည်။

ပြီးတော့ နောက်ဆုံးအနေဖြင့် လွန်ခဲ့သည့်သုံးနှစ်က ဖြစ်ပျက်ခဲ့တာတွေရဲ့ အတိအကျကို သူတို့ မသိကြသေးပေ။

မစဥ်းစားဘဲလုပ်ရင် ရလဒ်ကောင်းထွက်မှာမဟုတ်တာကြောင့် စကား​နဲ့ပဲပြောမှဖြစ်မည်။

မိသားစုဝင်တွေရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို လျစ်လျူရှုနေကြဖြစ်တာကြောင့် ရင်ဟွားလိန်နိုးလာပြီးတော့ အားပြန်ပြည့်လာတာကို စောင့်ဖို့ရာသာ တတ်နိုင်တော့သည်။

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Donde viven las historias. Descúbrelo ahora