19.ကြမ်းတမ်းတဲ့အကြိုက်(၁)

5.9K 684 2
                                    

ဖုန်းဝမ်ဖူ၌ ညမတိုင်ခင်အချိန်....

ညှို့ယူဖမ်းစားတတ်သော သုခဘုံတစ်ခုအလား..
ဝင်ပေါက်တွင်..ရွှေရည်စိမ်အလွန်ကြီးမားသော ကျောက်တုံးခြင်္သေ့များက နှုတ်ဆက်စကားဆိုပေလိမ့်မည်။

မော်ကွန်းထိုးထားသော ကျောက်ပြားတွင်ကား နေအိမ်တစ်ခုလုံးပိုင်ရှင် ဖုန်းဝမ်ဖူကို ရွှေဖြင့်တင်ထားပေသည်၏ လက်ရေးစုတ်ချက်များက နုနုရွရွနှင့် အနုစိတ်သော်ငြား မသိသူက လက်ယပ်ခေါ်နေသကဲ့သို့ လျှို့ဝှက်ချစ်သူ၏ ခေါ်သံတစ်ခုလိုမျိုး ဆွဲဆောင်နေခဲ့သည်။

အထဲရောက်ပြီဆိုရင်...သခင်၏ ကြွယ်ဝချမ်းသာမှုများရဲ့ ပေါ်တင်ကြွားလုံးထုတ်ထားခြင်းနဲ့ နောက်ထပ်ဖျားယောင်းသွေးဆောင်ခံရပေလိမ့်မည်။

ခြေလှမ်း ၁၀ လှမ်းတိုင်းမှာ တျန့်ရှထွက်ရှေးဟောင်းပန်းအိုးများက အသက်ရှူမရနိုင်အောင် စင်္ကြံလမ်းတစ်လျှောက် တည်ရှိနေခဲ့လေသည်။

မတိုင်မီကလည်း ကြီးမြတ်သောသူရဲကောင်းများ၏ ပန်းပုများ၊ ကဗျာရှည်များနှင် အမှန်တကယ်ဘဝအကြောင်းများအပြင် မင်းဆက်များကိုပင် သင့်တင့်လျောက်ပတ်စွာလက်ဖြင့်ဖန်တီးထားခဲ့ပေသည်။

ဥယျာဥ်မှူးများက ရှားပါးသောပန်းပင်များနှင့် တိုင်းတစ်ပါးဖြစ် ဆေးဖက်ဝင်အပင်များဖြင့် တန်ဆာဆင်ထားသည်။ အတုအယောင်တောင်တန်းများကလည်း ဧကန်ကြီးမားသည်။ နောက်ပြီး လူလုပ်ရေကန်ငယ်များအား ရွှေရောင်ငါးကြင်းငါးသိုင်းမျိုးများကို ပေါက်ဖွားမွေးမြူထားစေသည်။

ဤနေရာတွင် ထုံးကျောက်နှင့် ပြုလုပ်ထားသည့် ပွဲကြည့်စင်များရှိပြီး ထိုနေရာက မိုးဒဏ်နေဒဏ်ခံနိုင်သည်။

နန်းတွင်းအစေခံများနှင့် မိန်းမစိုးများက ဟိုတစ်စုသည်တစ်စုဖြစ်နေပေမဲ့ ကောင်းစွာစီစဥ်နိုင်ပုံပေါ်ပြီး ဖျတ်လတ်တဲ့မျက်နှာ၊ပုံပန်းသဏ္ဌာန်ရှိကြသည်။ မိန်းမစိုးများက သိမ်မွေ့စွာ ငါးစာကျွေးနေကြစဥ် အစေခံအချို့ကတော့ ကြက်တောင် ဒါမှမဟုတ် ကြိုးခုန်ကစားနေကြသည်။

တစ်ယောက်ယောက်မှာသာ ဖန်းဝမ်ဖူထဲဝင်ရဖို့ ကံကြမ္မာရှိခဲ့ရင် ဒီနေရာကို ဖော်ပြလာလိမ့်မည်..အမတမှီတင်းရာအိမ်တော်က နှစ်လိုဖွယ်နတ်သမီးရယ်သံ၊ ပျော်စရာတွေဖြင့် ပြည့်နှက်နေသည်ဟုပင်။ ဗိသုကာပညာများ၏ အထူးကောင်းမွန်မှုတွေရဲ့ ယုတ္တိတန်မှုနဲ့ဆိုရင် ဒါက
တကယ့် စိတ်ကူးယဥ်နန်းတော်တစ်ခုပင်ဖြစ်သည်။

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang