4.2 ဦးရီးတော်ကို စိတ်ပျက်စေခဲ့ပြီ

8.3K 957 2
                                    

သူမ၏ အဖေ ရင်ဖန်းချီသည် မြို့တော်တွင် ရှိမနေခဲ့ပေ။ အကြောင်းမှာမူ ဆားမှောင်ခိုသွင်းမှုကို လျှို့ဝှက်စုံစမ်းဖို့ တောင်ပိုင်းကို စေလွှတ်ခံလိုက်ရသောကြောင့်ဖြစ်သည်။

သူမ၏ ဒုတိယဦးလေးက အင်ပါယာနန်းတော်နှင့်လှမ်းသည့် ကိုယ်ခံပညာအတတ်သင်ကျောင်းနှင့် အလုပ်ရှုပ်နေလောက်သည်။

တတိယဦးလေးက သူ့ကိုယ်ပိုင်အလုပ်တွေ လုပ်နေလိမ့်မည်။ နောက် သူမရဲ့ တစ်ဝမ်းကွဲအမွှာများက Xiu တပ်ဖွဲ့ရဲ့ ဖုံးကွယ်ထားသည့် စခန်းမှာ အရိပ်ကိုယ်ရံတော် အသစ်များကိုလေ့ကျင့်ပေးနေမှာ သေချာသည်။

မိန်းမစိုး မင်က သူတို့၏ကြပ်တည်းသည့် အခြေအနေကို နားလည်ဖို့ဝေဝါးနေတုန်းပင်။ သို့သော် သူသည် အခြားသူတွေကလွဲ ရင်မိသားစု အပေါ်တွင်သာ မှီခိုနိုင်သည်ကို သူသိသည်။

ထိုအရာက သူသည် ရင်ဟွားလိန်ကို ဆင့်ခေါ်ဖို့ အပြစ်ပေးသည့် ဆင်ခြေကို အသုံးပြုရခြင်းဖြစ်သည်။
သူက ဧက္ကရာဇ်ကိုရှာဖို့ သူ့သဘောနဲ့သူ နန်းတော်အပြင်ဘက်သို့ ထွက်ခွင့်မရှိပေ။ ဒါက သံသယဖြစ်စရာ ကောင်းလွန်းသည်။ အုပ်ချုပ်သူ ပျောက်သွားသည် ဆိုသော စကားတစ်ခွန်းလေးကတင် အင်ပါယာမြို့တော်တစ်ခုလုံးကို ပရမ်းပတာဖြစ်သွားစေလိမ့်မည်။

မိန်းမစိုး မင်က ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်ကို ရုတ်တရက်ရပ်လိုက်ပြီး သူ့ဒူးတွေ    မခွေကျသွားခင် ရင်ဟွားလိန်၏ မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။

" အင်ပါယာသမီးတော်ခင်ဗျား ...ရင်မြို့စားက ဒီအကြောင်းတွေကို မသိလောက်ဘူးထင်ပါတယ်။
အင်ပါယာ သမီးတော်က ဒီနိမ့်ကျတဲ့ အစေခံကို ကူညီဖို့ တောင်းဆိုနေတာပါ"
မိန်းမစ်ိုး မင်က အနူးအညွတ်ကိုအရိုသေပြုနေခဲ့လေသည်။

ရင်ဟွားလိန်က မိန်းမစိုးအိုကြီးကိုကြည့်ပြီးမျက်ခုံးတွေတွန့်ချိုးသွားတော့သည်။ သူမကတော့ သူ့ကို ကန်ပစ်ချင်နေပြီ။
သူက  အခုဘာလုပ်ရမယ်ဆိုတာကို မသိလို့ သူမအပေါ် တာဝန်လွှဲချနေတာပေါ့လေ!

ဒါပေမဲ့ အကြောင်းရင်းက သူမအကျိုးဆက်တွေကိုသိပါသည်။ဧကရာဇ်ကို အခုမတွေ့ရလျှင် သူမ၏အဖိုးက ဒီကိစ္စရဲ့အရှုပ်တွေကို သိသွား
လိမ့်မည်။သူမက သိက္ခာရှိ ရင်မြို့စား ရဲ့ အရိပ်ကိုယ်ရံတော်တွေနဲ့ သူသံသယရှိတဲ့ ဘယ်သူ့ကိုမဆို ဆန့်ကျင်တိုက်ခိုက်တာတွေကို သူမက အတုခိုးရုံသာတတ်နိုင်သည်။ မြို့တော်တစ်ခုလုံးကလည်း ဒီမုန်တိုင်းကြောင့် ဖမ်းဆုပ်ခံရလိမ့်မည်။

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Hikayelerin yaşadığı yer. Şimdi keşfedin