"ရင်ဟွားလိန်....မင်းမှာ အရှက်ကော ရှိရဲ့လား?
သူမအနာဂတ်အတွက် စီစဥ်တယ်? ငါ့သမီးကိုလသွေးဝေးတဲ့ဆွေမျိုးဆီ မွေးစားစေခဲ့တာက သူမအနာဂတ်အတွက် စီစဥ်တယ်ပေါ့ ဟုတ်လား?
မင်းလိုချင်တဲ့တစ်ခုတည်းသောအရာက မင်းကိုဘယ်တော့မှဂရုစိုက်မှာမဟုတ်တဲ့ ယောကျ်ားတစ်ယောက်ကို လိုက်ဖမ်းနေတာမဟုတ်ဘူးလား? ဒီထက်ပိုကောင်းအောင် မင်းမလိမ်နိုင်တော့ဘူးလား?"သူကသူမဆီ နီးကပ်လာရခြင်းက သူ့လက်ချောင်းအေးကြီးတွေနဲ့ သူမလည်ပင်းကို ညင်သာစွာ ဆုပ်ကိုင်ထားတာကြောင့်ပင်။
ထိုစဥ် ရင်ဟွားလိန်မှာတော့ သူမဘဝမှာ အကြီးမားဆုံး ထိတ်လန့်မှုကို လက်ခံလိုက်ရတော့သည်။
သူမအရှေ့က လူက အများဆုံးတီးတိုးပြောတာကြောင့် သူ့ရဲ့နူးညံ့သော အသံလေးက သူမနားတွေဆီ စီးဆင်းလာခဲ့သည်မှာ သူကချစ်သူတစ်ယောက်ကို ချိုမြိန်တဲ့အရာတွေ တီးတိုးပြောနေသလိုပင်။
ဒါပေမဲ့ သူပြောလိုက်တဲ့စကားတွေကတော့ အပ်ထောင်ပေါင်းများစွာဖြင့် သူမနှလုံးသားကို တည့်တည့်မတ်မတ်ကြီး ထပ်ခါထပ်ခါ ထိုးဆွနေခဲ့လေသည်။
မှန်ပါသည်...သူမက ထျင်းတီကို သွေးဝေး ရင်အဒေါ်တစ်ယောက်ဆီ လျို့ဝှက်စွာမွေးစားစေဖို့ စီစဥ်ခဲ့သည်။ သူမပြန်လာတဲ့နှစ်က..ရှယုဟုန်နောက် သူမ၏ကောက်ကောက်ပါအောင်လိုက်နေမှုကို မြှင့်တင်ခဲ့သည်က နှစ်ပေါင်းများစွာမြို့ဆင်ခြေဖုံးတွေမှာ ရှင်သန်ခဲ့ပြီး မြို့တော်ကို အခုလေးတင်ပြန်လာတဲ့ ဘိုင်ချင်းရုန်ကို ပေးထားတဲ့ရှယုဟုန်၏ အာရုံစိုက်မှုတွေက သူမအား
ခြိမ်းခြောက်လာတာကြောင့်ပင်။ရင်ဟွားလိန်ပြန်လိုချင်တာက ချောင်ဝမ်ဖေးဖြစ်လာဖို့ပင်။ ရှယုဟုန်ရဲ့ အချစ်ကို ဖမ်းဆုပ်ကိုင်ဖို့ရာအတွက် သူမ အရာရာတိုင်းကို ပုံအောခဲ့ရတာလေ။
အဲဒါတွေ အကုန်လုံးကအမှန်ပဲ။ ဒါပေမဲ့ ဒါတွေက အရင်တုန်းကဖြစ်သည်!
သူမက အရှုံးမပေးဘဲနဲ့ ဘဝတစ်လျှောက်လုံးကို တစ်ယောက်တည်းပဲ ရှေ့ဆက်ရှင်သန်သွားတော့မည်။ ဧကရာဇ်က သူမလက်ထပ်ပွဲကို အသုံးပြုဖို့ စီစဥ်ထားရင်တောင်မှ တစ်နှစ်..နှစ်နှစ်လောက်ကြာပြီးရင် သူမ ကွာရှင်းဖို့ရာကို တောင်းဆိုလိုက်ရုံသာဖြစ်သည်။
YOU ARE READING
မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)
Historical Fiction[ NGVM©2019 ] Original Author - @melo_marl မင်းသားကိုး ရှယုဟုန်နဲ့ တတိယအဆင့်အိမ်တော်၏သမီး ဘိုင်ချင်းရုန်တို့ရဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်းလေးဖြစ်လာစေရန် ရင်ဟွားလိန်သည် ဗီလိန်ဖြစ်လာခဲ့သည်။ ရာသီဥတုဆိုးဝါးတဲ့ညမှာ ဧကရာဇ်က လက်ထပ်ပွဲချီးမြှင့်လိုက်သော ထ...