8.1 ဒုက္ခက သူမကို လာတွေ့တယ်

7.1K 888 3
                                    

ရင်ဟွားလိန်က ပြသာနာတွေဆီကနေ ဝေးအောင် ရှောင်နေရင်တောင်မှ ပြသာနာက သူမကိုလိုက်ရှာနေတဲ့ပုံပဲ။

အဆိုးအပေ ကလေးက သူမကို ဆန့်ကျင်ဖို့ သွားဖြဲပြတာကိုက စောကားခံလိုက်ရတာပဲ!

မှန်တာပေါ့...ရင်ဟွားလိန်က သူမ၏ ဒေါသကိုသိသည်။သူမက လူတွေစိတ်ကူးနေကြသလိုမျိုး သူတော်စင်တစ်ယောက် မဟုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အာဆူရာ(ဗုဒ္ဓဘာသာအရ သူတစ်ပါးကို မကောင်းကြံတတ်သော သဘာဝလွန် စွမ်းအားများရှိသည့် နတ်ဆိုး) က မျက်နှာပြင်လေးအောက်မှာတင် ပုန်းနေရုံလေးကြောင့်ဖြစ်သည်။

ဒသမ မင်းသမီးသည် ရင်ဟွားလိန်က သူမထိုင်ခုံကနေ ထလာတာကိုမြင်လိုက်သည်။ သူမက သူ့ကိုယ်သူ ဂုဏ်ယူလိုက်သည်။အင်ပါယာသမီးတော်ကောင်းလီကို ကြောက်၍ ဘယ်သူမှမလုပ်ရဲတာတောင်မှ သူမကတော့ အမိန့်ပေးနိုင်သည်။

အမွှာများဖြစ်သော ဟွားယင်နှင့် ဟွားကျင်က အကူအညီမဲ့မှုကို ခံစားလိုက်ကြရသည်။ အခြားတစ်ဖက်က တော်ဝင်မင်းသမီးဆိုလဲ ဘာဖြစ်သေးသလဲ။ သူတို့တတွေရဲ့ ညီမလေးက သူမဘာသာကိုင်တွယ်ဖြေရှင်းနေရတာလေ။ ဒါပေမဲ့ ရှလုယောင်က အဝေးကြီးသွားရင်တော့ ဘုန်းတော်အရှင်က သူတို့လုပ်မှာနဲ့ ပတ်သက်ပြီး ခွင့်လွှတ်ပေးဖို့ မျှော်လင့်ရတာပဲ။

သူမ နှုတ်ခမ်းဖျားထက်မှာ အန္တရာယ်မရှိသလိုမျိုး ကွေးနေခဲ့သည်။ နောက်ပြီး သူမက ဒသမမင်းသမီးဆီ မျောပါနေပုံရသည်။

သူမ ဒီနေရာဆီလျှောက်လာသည်က အမှားကို ဝန်ချတောင်းပန်ဖို့ဟု ရှလုယောင် ထင်လိုက်သောကြောင့် သူမခေါင်းကို မြင့်သထက်မြင့်အောင် မော့ထားလိုက်သည်။

သို့သော် သူမနံဘေးတွင် အသက်အနည်းငယ်ပိုကြီးသည့် မိန်းကလေးတစ်ယောက်လည်း ရပ်နေခဲ့သည်။ မိန်းကလေးက သူမ၏ တုန်ရင်နေသာ လက်များကို သူမ၏ အင်္ကျီလက်အတွင်း ထည့်ပြီး သူဝတ်စုံအခေါက်များအောက်မှာ ဝှက်လိုက်သည်။

အဆိုပါ မိန်းကလေးသည် ဘိုင်ချင်းရီဖြစ်ပြီး အခုအခါ သူမ၏ အနာများအား ကုသခဲ့ပြီးပြီဖြစ်သည်။ သူမက မင်းသမီး၏ မျက်နှာသာပေးခံရဖို့ လုပ်ဆောင်နေသော မိန်းကလေးများအကြား သူမကိုယ်ကို တိုးဝင်ဖို့ စီစဥ်ထားခဲ့သည်။သူမက ဒသမမင်းသမီးကို အင်ပါယာသမီးတော်ကောင်းလီအပေါ် ပုတ်ခတ်ပြောဆိုဖို့ လှုံ့ဆော်ပေးရန် ထိုနေရာသို့သွားခဲ့သည်။

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang