တော်ဝင်မင်းသမီများသည် သူတို့လက်ထပ်သည့်အချိန်ထိ အင်ပါယာနန်းတော်အတွင်း နေထိုင်လေ့ရှိပြီး နောက်တွင်မှ သူတို့ခင်ပွန်းများ၏ အိမ်တော်တွင်သွားရောက်နေထိုင်ကြလေသည်။ သို့သော် သူမတွင်မူ မင်းသားတစ်ပါးကဲ့သို့ပင် သူမအပိုင် နန်းတော်ကို အထူးအခွင့်အရေးသဖွယ်ရရှိထားသည်။
ရင်ဟွားလိန်က ခေါင်းကိုက်စပြုနေပြီ။ သူမရဲ့ဦးရီးတော် ဧကရာဇ်က သူ့ရဲ့ အကြီးဆုံးလက်နက်ဖြစ်နေသေးတယ်မလား ဟုပြောလိုက်သည့်အချိန်ကတည်းက ဒါကို အတည်လုပ်နေတော့တာဖြစ်သည်။
သူမခမျာ လောဘကြီးတဲ့ အမှုထမ်းတစ်သိုက်နဲ့ မင်းသားတွေအတွက် ငါးစာကြီးကြီး ဖြစ်လာခဲ့ပြီ။ အခုချိန်မှာ သူမအသက်က တကယ်ကို ပြဿနာမဟုတ်တော့ဘူး။ သူမကို လက်ထပ်မည့်သူတိုင်းသည် သူမအား ချီးမြှင့်ထားသည့် ကုန်းမြေ၊ ဇနီးတစ်ယောက်အဖြစ် မင်းသမီးတစ်ပါး၏ အာဏာရယ် နောက်ပြီး ရင်မျိုးနွယ်စုရဲ့ကျောရိုးနောက်ခံ ဒါတွေကို လက်ခံလိုက်ရမည်ဖြစ်သည်။
ဧကရာဇ်၏ အမူအရာကိုကြည့်ရင်...သူမကိုတောင်းရမ်းခြင်းသည် အခြားမျိုးနွယ်စုတို့၏ လက်ထပ်တာရဲ့ မိသားစုစည်းမျဥ်းများနှင့်မတူပေ။
"မလှုပ်နဲ့"
ရင်ဟွားလိန်က သူမရှေ့တွင်ရှိနေသော ရှလုယောင်ကိုပြောလိုက်သည်။အလုပ်မဖြစ်သေးဘူး။ သူမကဘာကြောင့် ဒီပျက်စီးနေတဲ့ ဒသမမင်းသမီးကို ပန်းချီမဆွဲနိုင်ရမှာလဲ?
အဆုံးသတ်ခါနီးတွင် သူမကိုင်ထားသော စုတ်တံအစား မီးသွေးချောင်းကို အစားထိုးလိုက်သည်။
သူမ စောင့်ကြည့်နေနိုင်သည့်အရာမှာ အင်ပါယာ-- မဟုတ်ဘူးမှားလို့...ဘွဲ့တော်အသစ်ဖြစ်တဲ့ တော်ဝင်မင်းသမီး၏ လက်က စာရွက်ပေါ် ခပ်ဖြည်းဖြည်းနဲ့ ဖြည့်နေခဲ့တာကိုပင်။
အင်ပါယာခမည်းတော်က ဘွဲ့တော်ကို အပ်နှင်းပြီးသည်နှင့် ရှလုယောင်က မင်းသမီးကောင်းလီဆွဲခေါ်လာသည်ကို ခံလိုက်ရသည်။
သူမက အခုချိန်မှာ ခမည်းတော်ယူဆသလောက်ကြာသည်အထိ ကောင်းလီနန်းတော်မှာ နေထိုင်ဖို့လက်ခံခဲ့ရသည်။
ESTÁS LEYENDO
မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)
Ficción histórica[ NGVM©2019 ] Original Author - @melo_marl မင်းသားကိုး ရှယုဟုန်နဲ့ တတိယအဆင့်အိမ်တော်၏သမီး ဘိုင်ချင်းရုန်တို့ရဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်းလေးဖြစ်လာစေရန် ရင်ဟွားလိန်သည် ဗီလိန်ဖြစ်လာခဲ့သည်။ ရာသီဥတုဆိုးဝါးတဲ့ညမှာ ဧကရာဇ်က လက်ထပ်ပွဲချီးမြှင့်လိုက်သော ထ...