Extra

7.2K 712 44
                                    

အချပ်ပို-လိန်ဖုန်း

တစ်ချိန်တုန်းက မြောက်ဘက်ချူဟုဆိုရသည့် လိန်ဖုန်းသို့ သူတို့ရောက်ခဲ့သည်မှာ သုံးလခန့်ပင်ကြာခဲ့ပြီဖြစ်သည်။

သူတို့သည် အချိန်နှောင်းလက်ထပ်စားပွဲသေးသေးလေးတစ်ခုကျင်းပ အပြီး နှစ်ပတ်ကြာတွင် တျန့်ရှမှထွက်ခွာခဲ့ကာ Huoyang စစ်တပ်နှင့်အတူ တစ်လကျော်ကျော်ခရီးနှင်ခဲ့ရသည်။

စစ်တပ်ကြီးသည် လုပ်ထုံးလုပ်နည်းအရဆိုရလျှင် တျန့်ရှစစ်တပ်၏တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း သူတို့သည် လိန်ဖုန်းတွင် ဆယ်စုနှစ်တစ်ခုထက်ကြာအောင် နေခဲ့ရတာဖြစ်သည်။သူတို့ထဲက အများစုမှာ ထိုနေရာမှာ ကြင်ဖက်တွေ့သွားခဲ့သလို ရှစ်နှစ်တိုင်သည့်စစ်ပွဲပြီးဆုံးသောအခါတွင်လည်း မိသားစုအလိုက်ပြောင်းရွှေ့နိုင်ခဲ့ကြပြီး ဖုန်းဝမ်သည် မြောက်ဘက်ချူအား နူးညံ့ရာမှကြမ်းတမ်းရာသို့ခြေဆန့်ထားသည့် စစ်ဗျူဟာပေါင်းအသင်္ချီနှင့် ဆွဲဆောင်ခဲ့လေသည်။

ဧကရာဇ်တုလျန်သည်လည်း ဤသည်ကိုအကြမ်းဖျင်းသိပါသည်။သူသာ Huoyangစစ်တပ်ကို တျန့်ရှစစ်တပ်နှင့်ပြန်ပေါင်းစည်းလိုက်သော် အုပ်ချုပ်ကွပ်ကဲမှုကွင်းဆက်က မရှင်းမလင်းဖြစ်လာမည်ကို သူအသေအချာသိသည်။အကယ်၍အသစ်ခန့်ထားသည့်ခေါင်းဆောင်က မသင့်လျော်ခဲ့ရင် သူတို့၏ပေါက်ကွဲမှုများအန်ထွက်လာနိုင်သည့် ဖြစ်နိုင်ချေလည်းရှိသည်။

ထိုကြောင့် သူသည် Huoyangစစ်တပ်အား ဆက်ထိန်းသိမ်းဖို့ အပြင်းအထန်တောင်းဆိုခြင်းမျိုးမလုပ်တော့ဘဲ တျန့်ရှ၏ထောက်ခံမှုနှင့်ရပ်တည်မှုကို ပြသဖို့ရာ တိုင်းပြည်အသစ်ဖြစ်သည့်လိန်ဖုန်းကိုသာ အပ်နှင်းလိုက်တော့သည်။

လိန်ဖုန်းလည်းအခြေကျကာ ဘုရင်အသစ်နှင့်ဘုရင်မအသစ်တို့နန်းတက်ပြီးနောက် ရှလျင်ပိုင်သည် ဤကုန်းမြေတွင် နက်နက်ရှိုင်းရှိုင်းလေးစားခံရသည်ကို သူမသည် အံ့သြဘနန်းသိခဲ့ရသည်။

လွန်ခဲ့သည့်ရှစ်နှစ်က သူသည် တျန့်ရှအတွက် မြောက်ဘက်ချူကိုအနိုင်တိုက်ပေးပြီးနောက်အခြားစစ်ဘက်ဆိုင်ရာအမှုထမ်းများနှင့်၎င်းတို့၏စစ်တပ်များက တျန့်ရှသို့ပြန်သွားကြစဥ်
သူနှင့် သူ၏စစ်တပ်များက စစ်၏အကျိုးဆက်များကိုကိုင်တွယ်ဖြေရှင်းဖို့ နေခဲ့ကြသည်။

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Donde viven las historias. Descúbrelo ahora