21. ရဲရဲနီသော ထုံကျင်မှု(၁)

5.5K 712 12
                                    

(Warning ပေးပါသည် : ဤအခန်းတွင် ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာရအောင်နာကျင်စေမှုမျိုး ပါဝင်သောကြောင့် မဖတ်ချင်ရင် ကျေးဇူးပြုပြီး ကျော်သွားကြပါနော်)

သူမရဲ့ လုံးဝဥဿုံကို ကျော်လွန်လောက်အောင်အကြီးအကျယ်ဝမ်းနည်းကြေကွဲနေရတဲ့ တစ်စုံတစ်ရာကြောင့် မဟုတ်ပေ။

ဒါက တကယ် ဘာမှမဟုတ်။ ထုံကျင်မှု ဆိုသောအရာက သူမအရိုးတွေထဲအထိ စိမ့်ဝင်နေလေသည်။

တစ်စုံတစ်ယောက်က သူမကို ဖြတ်တောက်လိုက်ရင်တောင်မှ လေတွေပဲ ထွက်လာလောက်သည်။
အခုခံစားမိနေသမျှက ဤသည်သာ။

သူမမျက်လုံးတွေက စူးရှမှုတစ်ခုကို ခံစားနေရသည်။ ဒါက ပြတင်းပေါက်အက်ကြောင်းကနေ ဝင်လာတဲ့ ပထမဆုံးသောနေရောင် ဆိုတာကိုပါ သူမနားလည်လိုက်သည်။

ကန့်လန့်ကာ မချထားတာကြောင့် အလင်းက အမှုမဲ့အမှတ်မဲ့လဲလျောင်းနေတဲ့ သူမအပေါ်ကို တန်းတန်းမတ်မတ် ရောက်လာတာဖြစ်ရမည်။

သိချင်စိတ်ကြောင့် သူမက အလင်းတန်းဆီ
စိုက်ကြည့်နေခဲ့သည်။ လေမှုန်တွေက ပျံနေတဲ့အတိုင်းပဲ။

ဒီဘဝ..သူမ၏ အကြီးဆုံးမစ်ရှင်က ဇာတ်ညွှန်းကနေ သွေဖယ်အောင် သူ့ကိုယ်သူဆွဲထုတ်တာ ဖြစ်သောကြောင့် သူမမိသားစုက သေမှာမဟုတ်ပေ။

သူမ မျှော်မှန်းထားသလိုပါပဲ...ဒါက ပြီးနှင့်သွားခဲ့ပြီ။

ဘိုင်ချင်းရုန်နဲ့ ရှယုဟုန်တို့ကလည်း ဒီမှာ သူတို့ရဲ့အိမ်ထောင်သည်ဘဝမှာ ပျော်နေတာကို သိသားပဲ...ရင်ဟွားလိန်သာ ပြဿနာတွေကို
မီးခွက်ထွန်းမရှာနေသရွေ့ သူတို့နှစ်ဦးက ရင်မျိုးနွယ်စုကို အနှောင့်အယှက်ပေးလာမှာ မဟုတ်သလို....

သူမသမီးလေးကလည်း သူ့ဖခင်နဲ့အတူ ပျော်ရွှင်စွာ နေထိုင်းသွားလောက်သည်။ ရင်ဟွားလိန်က ရှလျင်ပိုင်ရဲ့ ပုဂ္ဂိုလ်ရေးကို ယုံကြည်မှုမရှိ
သော်ငြား ...သူ့ရဲ့ကလေးအပေါ် ချစ်မြတ်နိုးမှုကိုတော့ သံသယမဝင်ပါ။

ထျင်းတီလေးကို အနာဂတ်ဝမ်ဖေးနဲ့ ကြင်ယာတော်တို့က အနိုင်ကျင့်မည်ကို အနည်းငယ်စိုးရိမ်ပေမဲ့ သူမကသာ သူတို့အား အနိုင်ကျင့်သူဖြစ်ကြောင်း တစ်ယောက်ယောက်က သူမကိုပြောထားပြီးနှင့်ပြီ။

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Donde viven las historias. Descúbrelo ahora