29. ဝမ်ဖူကိုရှင်းလင်းခြင်း
ရှလျင်ပိုင်သည် သူ၏သခင်မ မမည်သော အမျိုးသမီးတို့အား ကြည့်ရင်း သူ့သမီးလေး၏ ပါးမို့မို့များကို အမှတ်တမဲ့ ပွတ်သပ်ပေးနေခဲ့သည်။
သူတို့သည် ယခုအခါတွင် ကြင်ရာတော် ကျို၏ အဆောင်တော်တွင်ဖြစ်ကာ သူက အကြီးအမှူးနေရာ၌ထိုင်နေခြင်းဖြစ်၏။
သူ၏လက်ဝဲဘက်၌ ကြင်ရာတော်ကျို ရှိနေပြီး သူမနောက်တွင်ကား ကျန်ကိုယ်လုပ်တော်သုံးယောက်ရှိ၏။
ရှလျင်ပိုင်သည် ပန်းတွေကို စွန့်ပစ်လိုက်သည်ကသူ့အနောက်ဘက်အဆောင်ကို ဆွေးမြည့်သွားစေသကဲ့သို့ ခံစားလိုက်ရသည်။ဒီပန်းတွေက အဆိပ်သင့်နိုင်ပေမဲ့ ဘေးချင်းကပ်နန်းတော်မှာ နေတဲ့အဲဒီအမျိုးသမီးလောက်တော့ သူတို့ရဲ့အဆိပ်အာနိသင်က တစ်ဝက်ပင်ပြည့်မှီမည်မဟုတ်ပေ။
သူ့အစ်ကိုတော်ဧကရာဇ်ပြောတာ မှန်သည်။သူ့ဝမ်ဖူကို ရှင်းလင်းရမည်။
မင်းသားဖုန်း၏အေးစက်စက်အကြည့်ကို နှုတ်ခမ်းထက်က ဆွဲဆောင်ဖမ်းစားတတ်တဲ့အပြုံးလေးက ကူးစက်ပျံ့နှံ့သွားသည်။
သို့သော် သူ၏နောက်ထပ်စကားများက လုံးဝ
မမျှော်လင့်ထားသည်များဖြစ်သည်။"မင်းတို့မှာ ရွေးစရာအချို့ရှိတယ် : အထုပ်သိမ်းပြီးတော့ မြောက်ဘက်ချူကိုပြန်သွားရမယ် ၊ ဒါမှမဟုတ် မြို့တော်မှာနေမယ်ဆိုရင်လည်း သီးခြားအိမ်တော်မှာနေရမယ်၊ မဟုတ်ရင်လည်း ပင်းဝမ်စီစဥ်ပေးတဲ့ အခြားအမှုထမ်းတွေကို လက်ထပ်ရမယ်။" သူသည် လက်ချိုးရေကာပြောလိုက်ခြင်းဖြစ်သည်။
သူ၏ရှည်လျားသည့်ဖြူဆွတ်ဆွတ်လက်ချောင်းများကို မြင်လိုက်သော ထျင်းတီက ၎င်းတို့ကို ချက်ချင်းဆွဲယူလိုက်ကာ သူ့လက်မကို ကိုက်လိုက်ပေမဲ့ သူသည် ပေါက်စီလေးကို စိတ်အနှောင့်အယှက်ပင် မဖြစ်ပေ။
တစ်ယောက်မှမဖြေတာကြောင့် သူပဲစကားဆက်လိုက်သည်။
"ဒါပေါ့ မင်းတို့ ဝမ်ဖူကနေထွက်သွားတာနဲ့ချက်ချင်း ဒီမင်းသားက မင်းတို့ရဲ့စင်ကြယ်မှု(အပျိုစင်ဖြစ်ကြောင်း)ကို သက်သေပြပေးမှာပါ။ ဒီအပိုင်းကို မင်းတို့စိတ်ပူဖို့မလိုဘူး။ မင်းတို့ဘာပဲရွေးရွေး မင်းတို့မှာ ရာထူးနိမ့်အမှုထမ်းတွေရဲ့ပထမဇနီးတွေအဖြစ် ဒါမှမဟုတ် အထက်လွှာတွေရဲ့ ကိုယ်လုပ်တော်တွေအဖြစ် လက်ထပ်ဖို့ အရည်အချင်းရှိတုန်းပဲ။ မင်းတို့ကို ဒီမင်းသားက
လျော်ကြေးလည်းပေးမယ် ပြီးရင် ဒုတိယအဆင့်ဂုဏ်သရေရှိအမျိုးသမီးနဲ့ တတိယအဆင့်အမျိုးသမီးဆိုပြီးတော့လည်း အသီးသီးပေးမယ်။ဒါက မင်းတို့ဘယ်နေရာကိုပဲသွားသွား ပေါ့ပေါ့တန်တန် ဆက်ဆံမခံရမှာ သေချာတယ်"
DU LIEST GERADE
မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)
Historische Romane[ NGVM©2019 ] Original Author - @melo_marl မင်းသားကိုး ရှယုဟုန်နဲ့ တတိယအဆင့်အိမ်တော်၏သမီး ဘိုင်ချင်းရုန်တို့ရဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်းလေးဖြစ်လာစေရန် ရင်ဟွားလိန်သည် ဗီလိန်ဖြစ်လာခဲ့သည်။ ရာသီဥတုဆိုးဝါးတဲ့ညမှာ ဧကရာဇ်က လက်ထပ်ပွဲချီးမြှင့်လိုက်သော ထ...