အမွှာထဲက အကြီးက အဖိုးကဲ့သို့ အကျိုးအကြောင်း မဆီလျော်တာမျိုးကို လုံးဝမပြောပေ။
သို့သော် ရင်ဟွားလိန်နှင့် သူ့တွင် မပြောဘဲသိသာသော နားလည်ရခက်သည့်ဟန်ရှိသည်။"အစ်ကိုယင် နဲ့ အစ်ကိုကျင်တို့ ရောက်လာတယ်။ဒီဟုန်က အရိုအသေပြုပါတယ်" အချိန်ခဏလေးအတွင်းမှာပဲ ရှယုဟုန်က သူ့လက်ကိုကွေး၍ အရိုအသေပြုဟန်ဖြင့် သူတ်ို့ရှေ့ပေါ်လာခဲ့သည်။
ဤညီအစ်ကိုများက ရင်မျိုးနွယ်စုကို ကိုယ်စားပြုသည်။ဒီတစ်မူထူးခြားသောမိသားစုက သည်ကဲ့သို့အဖြစ်အပျက်များနှင့် ပွဲတော်များကို ဖိတ်ကြားချက်များအား လက်ခံလေ့သိပ်မရှိပေ။ဒါကိုက မြို့စားရင်က ချောင်ဝမ်ကို မျက်နှာသာပေးတာလို့ ယူဆနိုင်သည်။
ဟွားယင်နှင့်ဟွားကျင်က ရင်ဟွားလိန်၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ယဥ်ကျေးမှုကိုတုံ့ပြန်ဖို့ ထရပ်လိုက်ကြသည်။
"ဒါက မင်းသားရဲ့ မင်္ဂလာရှိသောနေ့ခင်းလေးပါပဲ။ သဘာဝကျကျပဲ ကျွန်တော်တို့ရင်မျိုးနွယ်စုက ဒီနေရာမှာ ဂုဏ်ပြုပေးဖို့ရှိနေတာပါ"
ဟွားယင်က သူ့ခွက်ကို ဆုတောင်းပေးသည့်အနေဖြင့် သောက်လိုက်ရင်း အဆင့်ရှိရှိအသံနှင့် ပြောလိုက်သည်။လူသုံးယောက်က တစ်ပြိုင်တည်းသောက်လိုက်ကြသည်။ သို့သော် ဟွားကျင်က တကယ်ကို သူ့ပါးစပ်ကို မပိတ်ထားနိုင်ဘူး။
"ဒီရင်က မင်းသားကို အစ်ကိုကြီးလို့ မခေါ်ရဲပါဘူး။ ဘာပဲဖြစ်ဖြစ် မင်းသားက တော်ဝင်သွေးပါပဲ။ ဒီရင်က အရမ်းနိမ့်ကျတယ်။ အရမ်းနိမ့်ကျတာပဲ"
ထိုင်ကျန်ရစ်နေသော ရင်ဟွားလိန်က မကူညီနိုင်ပေမဲ့ သူမနှုတ်ခမ်းများကို ပြုံးနေတာကနေ ထိန်းရပ်လိုက်သည်။ သူမရဲ့ ဒီဝမ်းကွဲအစ်ကိုက သူမအတွက်ဒေါသတွေဖောက်ခွဲနေပြီ။သူက
အဆုံးစွန်နှိမ့်ချဟန်ပေါ်နေသော ရှယုဟုန်ကို တိုက်ရိုက်ပဲ လျစ်လျူရှူလိုက်သည်။နောက်ထပ်လာပြန်ပြီ...ရင်ဟွားကျင်ပြောလိုက်တာက သူက အရမ်းနိမ့်ကျတယ်ပေါ့လေ။ ဒါဆိုရင် ဒီနေ့အတွက် အခြားသခင်ငယ်လေးတွေက ဘယ်လိုဖြစ်တည်မှုမျိုးတုန်း?
သူတို့က အဆင့်နိမ့်ပြိုင်နေကြတာလား?
YOU ARE READING
မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)
Historical Fiction[ NGVM©2019 ] Original Author - @melo_marl မင်းသားကိုး ရှယုဟုန်နဲ့ တတိယအဆင့်အိမ်တော်၏သမီး ဘိုင်ချင်းရုန်တို့ရဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်းလေးဖြစ်လာစေရန် ရင်ဟွားလိန်သည် ဗီလိန်ဖြစ်လာခဲ့သည်။ ရာသီဥတုဆိုးဝါးတဲ့ညမှာ ဧကရာဇ်က လက်ထပ်ပွဲချီးမြှင့်လိုက်သော ထ...