ရင်ဖန်းချီရဲ့ ဘဝတစ်သက်တာလုံးမှာ ဟာသလေးတစ်ခုတောင် ဘယ်တော့မှမပြောတတ်တဲ့ ပင်ကိုစရိုက်ကို ရှလျင်ပိုင်ကောင်းကောင်းသိသည်။စကားကိုလှည့်ပတ်ပြီးပြောရတာ သဘောတွေ့သူက သူ့အစ်ကိုတော်ဧကရာဇ်ပေမဲ့ ဒီရှစ်ဖူကတော့ သူ့နှလုံးသားထဲမှာရှိသည့်အတိုင်း ပြောတတ်လုပ်တတ်သူပင်တည်း။
ရှလျင်ပိုင်ကို သူမြင်တာနဲ့မတိုက်ခိုက်လိုက်တာကပဲ အကြီးကြီးချမ်းသာပေးလိုက်တာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရင်ဖန်းချီရဲ့မျက်လုံးထဲမှာတော့ မင်းသားက သူ့တစ်ဦးတည်းသောသမီးလေး ခံစားနေရတာတွေရဲ့ အကြောင်းပြချက်တစ်စိတ်တစ်ပိုင်းပဲမလား။
သူ့သခင်က ကောင်းလီမင်းသမီးအိမ်ဝင်းဆီ ယုံကြည်မှုရှိရှိ လမ်းလျှောက်နေတာကို ရှိုင်း
စောင့်ကြည့်နေခဲ့သည်။ဒီအိမ်တော်ကို နောက်ဆုံးအကြိမ်ဝင်တုန်းက မင်းသားဖုန်းက အထဲမှာမုန်တိုင်းထန်နေချိန် ရှိုင်းကတော့ ဧည့်ခန်းထဲ တစ်ကိုယ်တည်းကျန်ရစ်ခဲ့လေတာဖြစ်သည်။
သူ့အသက် ၁၅ နှစ်တုန်းက ပထမစစ်ဆင်ရေးအတွင်း ထိန်းသိမ်းမနိုင်တဲ့အင်ပါယာဦးလေး အငယ်လေးကို သူတွေ့ခဲ့တာဖြစ်သည်။
ရှိုင်းသည် အနောက် ကျောင်းတိုင်းပြည်နဲ့ စစ်ဖြစ်ပြီး ဖျက်ဆီးခံလိုက်ရတဲ့အစိတ်အပိုင်းလေးတစ်ခုဖြစ်သည့် ပိန်လှီနေတဲ့နာမည်မရှိ ၁၀ နှစ်အရွယ်ကျွန် တစ်ယောက်ဖြစ်ခဲ့သည်။
သူသည် နေ့တိုင်းလိုလို အရိုက်နှက်ခံခဲ့ရပြီး သူ့အနက်ရောင်အသားရေကြောင့် စကားနဲ့ဆဲရေးတာလည်းခံခဲ့ရသည်။ သို့သော် တစ်နေ့မှာတော့ မြင်းကျောကုန်းပေါ်က ထူးထူးဆန်းဆန်းဝတ်ထားသည့် လူငယ်လေးတစ်ယောက်က သူ့ဆီမောက်မာစွာဖြင့် လက်ညှိုးညွှန်လာခဲ့သည်။
"အဲဒီကလေးက အရမ်းရယ်စရာကောင်းတာပဲ။ ဒီကြီးမြတ်တဲ့လူရဲ့လက်အောက်မှာ ကျန်ရှိတဲ့မင်းတစ်ဘဝလုံး အမှုထမ်းမယ်ဆို မင်းကိုစိမ်းစိမ်းဝါးဝါး ထပ်ကြည့်ရဲတဲ့ ဘယ်ကောင်ကိုမဆို မင်းသတ်လို့ရတယ်!"
ဒီစကားတွေကိုပြောလိုက်သည့် လူငယ်လေးပုံစံက ရိုက်နှက်ရန်တောင်းဆိုလိုက်သလိုပင်။သို့သော် ထိုသူသည် အခြားသူများကဲ့သို့ ပုံမှန်မဟုတ်မှန်း ရှိုင်းသတိထားမိသည်။ သူက လွှမ်းမိုးထားနိုင်ပြီး သူသွားလေရာတွင် ဒေသခံအာဏာရှင်များကဲ့သို့ပြုမူလေသည်။
ŞİMDİ OKUDUĞUN
မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)
Tarihi Kurgu[ NGVM©2019 ] Original Author - @melo_marl မင်းသားကိုး ရှယုဟုန်နဲ့ တတိယအဆင့်အိမ်တော်၏သမီး ဘိုင်ချင်းရုန်တို့ရဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်းလေးဖြစ်လာစေရန် ရင်ဟွားလိန်သည် ဗီလိန်ဖြစ်လာခဲ့သည်။ ရာသီဥတုဆိုးဝါးတဲ့ညမှာ ဧကရာဇ်က လက်ထပ်ပွဲချီးမြှင့်လိုက်သော ထ...