ဧက္ကရာဇ်နေထိုင်သည့် နန်းတော်ရှိအထွတ်အမြတ်ကောင်းကင်ခန်းမရှေ့တွင် မိန်းကလေး တစ်ယောက်က ဒူးထောက်နေပုံရသည်။
မိန်းကလေးက နူးညံ့သည့်ပုံပေါ်ပြီး အဆင့်အတန်းမြင့် အဝတ်အထည်များ ဆင်မြန်းထားသည်မှာ တော်ဝင်မင်းသမီးများကိုပင် ယှဥ်နိုင်သည်မှာ သိသာလွန်းသည်။ သူမသာ ထရပ်လိုက်လျှင် တော်ဝင်ဆန်သည့် အပြုအမူမျိုးရှိနေလိမ့်မည်။ သို့သော် အကြင်လျှို့ဝှက်သူ မိန်းကလေးက မနက်ကတည်းက ဒူးထောက်နေခြင်းဖြစ်သည်။
ဖြတ်သွားဖြတ်လာ မိန်းမစိုးအချို့နှင့် နန်းတွင်းအစေခံများသည် သိချင်စိတ်ပြင်းပြနေသော်လည်း သူမ မည်သူဖြစ်ကြောင်း တစ်ဦးတစ်ယောက်မှ သွားမမေးရဲကြချေ။
သူတို့သည် ဤနန်းတော်ထဲက နဂါးကို အလွန်ကြောက်ကြသည်။ အရှင်က ဒူးထောက်နေသော မိန်းကလေးကိုသာ အာရုံမစိုက်ရင် သူတို့က ဘယ်လိုလုပ်မေးနိုင်မှာလဲ?
သည်တော်ဝင်အဆောင်ကြီးထဲတွင် လေတိုးသံလေးကပင် ရှည်ကြာပေသည်။
ဒါက ဘယ်လိုဆိုတာ ဘယ်သူသိမှာလဲ? သို့သော် တစ်ယောက်ယောက်ကမူ ဒူးထောက်နေသော မိန်းကလေးက အင်ပါယာသမီးတော် ကောင်းလီဖြစ်ကြောင်းပြောလိုက်ပေသည်။ အမှန်မှာ ဒါက မိုးမခပင်လေးလိုပင် ကျက်သရေရှိသည်။ ကိုယ်နေဟန်သည်လည်း သွယ်လျတင့်တယ်ပေသည်။
သူမသည် ဒူးထောက်နေသော်လည်း သူမ၏ ကျောပြင်ကမူ ကြံ့ခိုင်သည့် ကြိမ်ကဲ့သို့ ဖြောင့်မတ်နေပေသည်။ ထိုအနေအထားဖြင့် နာရီပေါင်းများစွာနေခဲ့သည်က သူမအတွက် ဘာမှမဟုတ်ခဲ့သလိုမျိုးပင်။သူမကဘာကြောင့် အပြစ်ပေးခံရနေသည်
စသည့် ထင်ကြေးများနှင့်အတူ ကောလဟာလများက တောမီးပမာပျံ့နှံ့သွားခဲ့သည်။အင်ပါယာသမီးတော် ကောင်းလီက ဘုန်းတောွအရှင်ဆီကနေ အလွန်အမင်း အချစ်ခံရတာ မဟုတ်ဘူးလား??
သူက သူ့ကလေး အရင်းတွေထက်တောင် သူမကို ကောင်းကောင်းဆက်ဆံခဲ့တာလေ။ဧကရာဇ်၏ ဆက်ဆံပုံများကြောင့် နန်းတော်ကလူတွေ ကြိုမြင်ခဲ့ကြသည်မှာ နှစ်သက်စရာ မင်းသားကိုးနဲ့ အင်ပါယာသမီးတော်တို့က လက်ဆက်နိုင်မည်ဟုပင်။
YOU ARE READING
မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)
Historical Fiction[ NGVM©2019 ] Original Author - @melo_marl မင်းသားကိုး ရှယုဟုန်နဲ့ တတိယအဆင့်အိမ်တော်၏သမီး ဘိုင်ချင်းရုန်တို့ရဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်းလေးဖြစ်လာစေရန် ရင်ဟွားလိန်သည် ဗီလိန်ဖြစ်လာခဲ့သည်။ ရာသီဥတုဆိုးဝါးတဲ့ညမှာ ဧကရာဇ်က လက်ထပ်ပွဲချီးမြှင့်လိုက်သော ထ...