12.2 နတ်ဆိုးနဲ့နတ်ဆိုးအသေးလေး

7K 810 16
                                    

"သ--သခင်မ!"
ရှင်းထောင်က အထိတ်တလန့်ခေါင်းမော့လိုက်သည်။သူမရဲ့ ပါးပြင်တွေက လောင်ကျွမ်းနေပြီ။

"ခ်...ခ်...ခ်"
တစ်နေရာရာကနေ ကြောက်စရာရယ်သံကြီးထွက်လာခဲ့သည်။

"ကျောင်း(ဝ်)ကန်းက သခင်မခေါ်သံကြားတာနဲ့ ချက်ချင်းလာခဲ့တာကို...လက်ထပ်ပွဲအကြောင်း ထွက်လာတော့တာပဲ"

အသံက ရပ်သွားသော်လည်း ရှင်းထောင်က သူမကိုယ်သူမ တုန်လှုပ်နေတာကိုခံစားနေရသည်။ သူမကို ဝေဖန်နေဟန်မျက်လုံးတွေနဲ့ အကဲစမ်းနေသည်ကို အစေခံက သိနေခဲ့သည်။

ကျောင်း(ဝ်)ကန်းက သူ့တည်နေရာအား မဖော်ထုတ်သေးချေ။

"သခင်မက ကျောင်း(ဝ်)ကန်းဘက်ကိုသွင်းရမယ့် ပစ္စည်းတွေကို ပြင်ဆင်ထားသင့်တာပေါ့။
ဟုတ်တယ်...ထောင်အာကို ကျောင်း(ဝ်)ကန်းအတွက် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်စေရမယ်။ သခင်မက အသွင်းပစ္စည်းအတွက်နဲ့ စိတ်မကွက်စေသင့်ဘူးနော် မဟုတ်လို့ရှိရင် ကျောင်း(ဝ်)ကန်းကို ယောက္ခမတွေဘက်က အနိုင်ကျင့်တာပဲ!"

ရင်ဟွားလိန်ရဲ့ မျက်ခုံးတွေက တွန့်သွားတော့သည်။အခြားနည်းလမ်း မရှိတော့ဘူးလား?
ကျောင်း(ဝ်)ကန်းရဲ့ တွေးနည်းတွေးဟန်တွေကတော့နော် ..သူပါးစပ်ဟလိုက်တိုင်း သူမမှာ ​စကားတောင် မပြောနိုင်တော့ဘူး။

"Ptf! ကျိန်းသေတာပေါ့...မိသားစုထဲဝင်လာတာနဲ့ ချက်ချင်း ငါနင့်ကို အနိုင်ကျင့်ပစ်မယ်!"
ရှင်းနင်က ထပ်မအောင့်နိုင်တော့တာဖြစ်သည်။

ရှင်းထောင်ရဲ့မျက်နှာက သွေးလိုနီရဲနေပြီ။

"သ--သခင်မ...
ဒီနှစ်ယောက်ပြောနေတာကို ကြည့်ပါဦး!ဘယ်လို--ဘယ်လိုလုပ်ပြီး ရှင်းထောင်က လက်ထပ်နိုင်မှာလဲ?!"

"ကောင်းပြီ...ကောင်းပြီ...ဒါကို စီစဥ်ဖို့ အချိန်တွေအများကြီးရှိပါသေးတယ်လေ။ ငါတို့ အလျင်လိုစရာမလိုပါဘူး။ မင်းတို့အားလုံး..ထွက်သွားလို့ရပြီ"

ရင်ဟွားလိန်က သူမအခန်းထဲဝင်သွားတာနဲ့ ချက်ချင်း သူမအမူအရာက ပြောင်းလဲသွားတော့သည်။သူမက သူမရဲ့အစေခံတွေကို ပိုကောင်းတဲ့ဘဝမှာ လက်ထပ်ပြီးရှင်သန်မှာကို ရိုးသားစွာ မျော်လင့်သော်လည်းပဲ အခုချိန်မှာတော့ သူမ ဒီအရာကို ဆွဲသွင်းရသည်မှာ အခြားအကြောင်းရင်းရှိသည်။

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Donde viven las historias. Descúbrelo ahora