တစ်ကြိမ်ပြီး တစ်ကြိမ် ဧကရာဇ်၏ အပြုအမူများက လူတွေကို အမြဲတမ်းလိုလို ရှုပ်ထွေးစေသည်။
ယခု နံနက်စောစောတွင် ရင်ဟွားလိန်က တရားရုံးအခြေစိုက်ရာ ကြီးကျယ်ခမ်းနားသော နတ်ဘုရားခန်းမသို့ ဆင့်ခေါ်ခံလိုက်ရသည်။မနက်ခင်းညီလာခံက ရွှေ့ဆိုင်းလိုက်ပေမယ့် အမှုထမ်းအားလုံးက အရှင်က သူတို့အား ကျန်ရှိနေစေချင်သည်ကို ခံစားမိနေကြသည်။
ထို့ကြောင့် လှည့်လိုက်ကြသည့်အချိန် တံခါးမကြီးက ပွင့်သွားပြီး အင်ပါယာသမီးတော်ကောင်းလီက ဝင်လာခဲ့ပေသည်။
အမှုထမ်းများ၏ မျက်လုံးပေါင်းစုံက အဆုံးစွန်သော ကျက်သရေအပေါင်းခညောင်းနေသည့် မိန်းကလေးအပေါ် စုပြုံကျရောက်လာတော့သည်။ သူမက သူတို့၏ ညှိုးခြောက်နေ
သည့် နှလုံးသားများအတွက် အေးစက်စက်လေပြည်လေးတစ်ခုဆိုရင်တောင်မှပင်။သူတို့အားလုံးက သူမအား အရိုအသေပြုနှုတ်ဆက်လိုက်ကြသည်။
ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သည်မိန်းကလေးက ညီလာခံစုဝေးပွဲဆီ ဆင့်ခေါ်ခံရပေမဲ့ အကြိမ်တိုင်းလိုလို အံ့အားသင့်စရာတစ်ခုအား ချန်ခဲ့စမြဲဖြစ်သည်။
ဒါပေမဲ့ သူမက ဘာကြောင့် ဒီနေရာမှာ ရှိနေတာလဲ?
ဒီမေးခွန်းအတွက် ရင်ဟွားလိန်တောင်မှ အဖြေမရှိဘူး။
အမှုထမ်းအားလုံးက အကြောင်းပြချက်တစ်ခုခုထွက်လာဖို့ ဦးနှောက်များအား ဆွဲဆန့်ထုတ်နေပေမဲ့ သမိုင်းကြောင်းက သူတို့အားပြောနေသည်မှာ ဒီခန်းမထဲ အမျိုးသမီးတစ်ယောက်ဝင်လာချိန်တိုင်းမှာ ကြီးကြီးမားမားအရာတွေက အမြဲတမ်း ဖြစ်ပျက်သွားကြတာပဲ။
ဒီတစ်ကြိမ်ရော ဘာဖြစ်လာမှာပါလိမ့်?
အင်ပါယာသမီးတော်က ခြေတစ်ဖက်ရှေ့ထုတ်၍ ဒူးညွတ်အရိုအသေပြုနေသည့်နေရာသည်ရာဇပလ္လင်လျှောက်လမ်း မတိုင်မီ ခြေလှမ်းအနည်းငယ် အလိုတွင်ဖြစ်သည်။
"ဦးရီးတော် ဧကရာဇ်က ဟွားလိန်ကို အခေါ်လွှတ်တော်မူပါသလား?"
တစ်သီးတခြားဖြစ်သော အသံလေးက အနီရောင်တိုင်လုံးများရှိသော ဟောခန်းထဲ ပဲ့တင်ထပ်နေသည်ကို ကြားလိုက်ရပေသည်။
YOU ARE READING
မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)
Historical Fiction[ NGVM©2019 ] Original Author - @melo_marl မင်းသားကိုး ရှယုဟုန်နဲ့ တတိယအဆင့်အိမ်တော်၏သမီး ဘိုင်ချင်းရုန်တို့ရဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်းလေးဖြစ်လာစေရန် ရင်ဟွားလိန်သည် ဗီလိန်ဖြစ်လာခဲ့သည်။ ရာသီဥတုဆိုးဝါးတဲ့ညမှာ ဧကရာဇ်က လက်ထပ်ပွဲချီးမြှင့်လိုက်သော ထ...