25.Low Emotional Quotient

5.8K 706 14
                                    

တိတ်ဆိတ်သည်။

ပို၍ပင်တိတ်ဆိတ်လာသည်။

ရှလျင်ပိုင်သည် ငြင်းဆိုမှု၊ပေါက်ကွဲမှု၊ ဒေါသပုန်ကန်မှု ပုံစံအချို့သာမက ရှက်ကိုးရှက်ကန်းဖြစ်မှုကိုပင် မျှော်လင့်ထားခဲ့တာဖြစ်သည်။
သို့သော် အိပ်ရာထက်ကပုဂ္ဂိုလ်မှာ တစ်ချိန်လုံး သစ်တုံးအမူအရာဖြင့်သာရှိနေခဲ့သည်။

ရုတ်တရက်ကြီး မောပန်းမှုက သူ့အရိုးတွေအထိ ပျံ့နှံ့လာသည်ကို သူခံစားရသည်။
သူမသည် ထိုအတိုင်းပင် သူ့ထက်တောင်ပိုပြီး နှလုံးသားကင်းမဲ့သည်။ သူမနဲ့ယှဥ်မိတိုင်း သူသည်ပင် သူတော်စင်တစ်ပါးနီးနီး ဖြစ်သွားတတ်သည်။

"ကောင်းပြီ...ကိုယ် မင်းရဲ့အစေခံတွေကို ခေါ်ပေးမယ်။ မင်းရဲ့အစာအိမ်ကို ဖြည့်ဖို့လို_"

ရှလျင်ပိုင် သက်ပြင်းချလိုက်မိသည်။

"မင်းကိုယ့်ကို ယုံကြည်စရာမလိုပါဘူး။ ပင်းဝမ်က မင်းကို တွန်းအားပေးမှာမဟုတ်ဘူး။ ဒီမင်းသားက အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ပဲဖြစ်ဖြစ် တစ်ခုခုအကြောင်း ပြောနေတယ်လို့ပဲဖြစ်ဖြစ် မှတ်လိုက်ပါ"

သူသည် တံခါးဘက် လှည့်လိုက်သည်။

"တစ်ယောက်ယောက် လာစမ်း! မင်းတို့သခင် နိုးလာပြီ"

သူ့ခေါ်သံကို ဖြေလာသူက ရှင်းထောင်ဖြစ်သည်။ မျက်လုံးပွင့်နေတဲ့ ရင်ဟွားလိန်ကို မြင်လိုက်သည့် ယားထိုပုံစံက ဧရာမကျောက်တုံးကြီးတစ်တုံး သူမပခုံးပေါ်က ကျသွားသည့်အတိုင်းပင်။

အခန်းထဲမှာ ဖုန်းဝမ်လည်းရှိနေသည်ကို မေ့သွားလုနီးပါး သူမသည် အကြီးအကျယ်ပြုံးရှာသည်။

"သခင်မ ဒီအစေခံက သခင်မကိုယ်ကို နွေးသွားအောင် စွတ်ပြုတ်ကို အပူပေးလိုက်မယ်နော်"

သူမပြောသလို လုပ်ဖို့ရန်သာ ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားတော့သည်။

ရှလျင်ပိုင်သည် နှစ်ထောင်းအားရစွာဖြင့်သာ တိတ်တဆိတ်ကြည့်နေမိသည်။ ဒီကောင်မစုတ်လေးမှာ ယုံကြည်အားထားရတဲ့လူတွေရှိတာပဲ။

သူသည် ထရပ်ကာသွားဖို့ ပြင်လိုက်ပေမဲ့
ရင်ဟွားလိန်က ရုတ်တရက်ကြီး စကားပြောလာခဲ့သည်။

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Donde viven las historias. Descúbrelo ahora