28.အချစ်နာကျသည်လား (သို့)တုံးအသည်ပဲလား?

5.5K 714 57
                                    

ဆောင်းဝင်လာခဲ့ပြီး မကြာခင်မှာပင် ရင်ဟွားလိန်၏ဒဏ်ရာသည် ဖြည်းဖြည်းချင်းသက်သာကာ အနာကျက်လာခဲ့သည်မှာ အမှာရွတ်တစ်ခုဖြစ်ကျန်ခဲ့သည်အထိဖြစ်သည်။

ထျင်းတီသည် ကောင်းလီနန်းတော်ဆီ နေ့တိုင်းနီးပါး လာလည်နေဆဲဖြစ်ပြီး ပေါက်စီလုံးလေးက
သူမအမေက သူမအတွက် ဆောင်းတွင်းသုံးဝတ်စုံများနှင့် အသုံးအဆောင်အချို့ ချုပ်ပေးသည်အား ကြည့်ရသည်ကို နှစ်ခြိုက်နေဟန်ရှိသည်။

သူမအမေက သူမအဖေကဲ့သို့ ရောင်စုံဒေါင်းဖိုတစ်ကောင်အလား ဝတ်ဆင်သည်ကို ဘာလို့များသိပ်စိတ်ပျက်နေမှန်း သူမမသိပေ။ထို့ကြောင့်ပင် ရင်ဟွားလိန်သည် သူမ၏ဒဏ်ရာက အပြည့်အဝမကောင်းခင်မှာကိုပင် အလုပ်စလုပ်တော့သည်။

ကောင်းကောင်းဆိုးဆိုး သူမအနား စူပါဂလူးနဲ့ကပ်ထားသလို ကပ်နေသည့် ဒသမမင်းသမီး
ရှလုယောင်အတွက်လည်း မမေ့စေရပေ။

သူမက ပေါ်တင်မကြေညာဘူးဆိုရင်တောင်မှ သူမ၏ဖန်တီးမှုလက်ရာများကို တစ်စုံတစ်ယောက်က ဝတ်ဆင်သည်ကို သူမလည်း ပျော်ပါသည်။

အခြားတစ်ဖက်က ရှလုယောင်သည်ကား ကောင်းလီမင်းသမီးကိုယ်တိုင်ချုပ်ပေးသည့် ဝတ်စုံအား လက်ခံရတော့မည်ဟူသောစိတ်ကူးနဲ့တင် နှလုံးအကြည်စိုက်ဘဝင်ခိုက်နေရှာတော့သည်။

သူမသည် ရင်ဟွားလိန်၏ကြော့မော့လှပေနေအောင် ဆင်ယင်တတ်မှုကို အရင်ကတည်းက အားကျနေခဲ့ရသော်ငြားလည်း သူမ၏အပ်ချုပ်သမက ဘယ်သူဘယ်ဝါလဲ ဆိုတာကိုတော့ သူမ မမေးရဲခဲ့ပေ။

ကောင်းလီမင်းသမီး သူမကိုယ်တိုင်ကပဲ ဝတ်စုံဒီဇိုင်းတွေကို ရေးဆွဲပေးခဲ့ပြီး သူမနှစ်သက်သလို
လူတွေကို ချုပ်ခိုင်းခဲ့သည်။

သို့သော်ဒီတစ်ကြိမ်တွင် ရင်ဟွားလိန်က 
သူမရော ပေါင်ပေးအတွက်ပါ ဝတ်စုံတွေကို ကိုယ်တိုင်ကိုယ်ကျ ပန်းထိုးပေးခဲ့သောကြောင့် ရှလုယောင်က အချက်ကောင်းကို မိသွားခြင်းဖြစ်သည်။

နေ့ရက်တွေ ကြီးစိုးလာသည်နှင့်အမျှ တစ်ယောက်ယောက်ကတော့ သူမအား ရှောင်ဖယ်နေသည်ကို သတိမထားမဲမနေနိုင်ခဲ့ပေ။

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Where stories live. Discover now