40.ဇာတ်သိမ်းပိုင်း

7.2K 754 77
                                    

40.ဖုန်းက ဟွမ်ကိုတွေ့သွားခဲ့ပြီ

လူသတ်ကွင်း၌ လေထုက အလေးအနက်ဖြစ်နေခဲ့သည်။

လူသန်ကြီးတစ်ဦးက တရားခံအမည်များနှင့်ကျူးလွန်ခဲ့သည့်ပြစ်မှုများကို စာရင်းလုပ်ကာ ကြေညာနေ၏။

ကွင်းပြင်အကျယ်ကြီးထဲတွင် သူ၏ကြမ်းရှရှအသံတစ်သံကိုသာ ကြားရသည်။

ပရိသတ်များအကြားတွင် အော်ဟစ်သူမရှိ နှောင့်ယှက်သူကနတ္ထိ။ဟုတ်ပါသည် အများစုက လှောင်ပြောင်သရော်မှုယှက်သန်းသောအကြည့်များဖြင့်ကြည့်နေ၏။နောက်ပြီး အချို့သည် ရေနစ်သူဝါးကူထိုးတတ်သည့်သူများဖြစ်ပေမဲ့ သူတို့၏အကြည့်များထဲတွင် သနားမှုက ဗလာသက်သက်။

အဖြူရောင်အကျဥ်းသားဝတ်စုံများဝတ်ထားသောလူတန်းကြီးသည် တစ်စုံတစ်ရာမျှော်လင့်မနေခဲ့ပေ။သူတို့လုပ်ထားသည့် အလွန့်အလွန်ရက်စက်ယုတ်မာမှုများကို သူတို့၏ရင်ထဲအသည်းကနေသိပါသည်။

ဧကရာဇ်က စိတ်ပြောင်းပြီး သူတို့၏သက်ကြီးရွယ်အိုများ၊အမျိုးသမီးများနှင့်ကလေးငယ်များအား ကင်းလွတ်ခွင့်ပေးလိုက်သည်ကိုက သူတို့ကံကောင်းလှပြီဖြစ်သည်။ယခုအခါ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ကာ ပြစ်မှုကျူးလွန်ခဲ့သောရာဇဝတ်သားများသာ ကျန်ရှိပြီဖြစ်သည်။

အသူရာနေမင်းက အမြင့်ဆုံးတက်သွားသောအခါ မရေမတွက်နိုင်သောဓားများက နိမ့်ဆင်းလာခဲ့သည်။

ပြီးဆုံးသွားချေပြီ။

မျက်လုံးပေါင်းများစွာသည် ကြမ်းကြုတ်သောနဂါးတစ်ကောင်နှင့်အလှဆင်ထားသည့် ရွှေရောင်ဝတ်ရုံတော်ကို ဆင်ယင်ထားကာ အထွတ်အမြတ်နေရာ၌ရပ်နေသော ပုဂ္ဂိုလ်ဆီ ရောက်သွားကြသည်။

နေရောင်အောက်ဝယ် ဘုန်းတော်အရှင်သည် အရောင်အဝါလျှံတညီးညီးနှင့်တောက်ပစွာ ရပ်နေလေသည်။တော်ဝင်မျိုးရိုးများနှင့်ပြည်သူလူထုအပေါင်းသည် တအံ့တသြပါးစပ်အဟောင်းသားဖြင့်ရပ်မကြည့်ဘဲ မနေနိုင်ခဲ့။

"ကျန်းရဲ့ ချစ်သား ချစ်သမီးတို့..." ဧကရာဇ်တုလျန်သည် လက်မောင်းတစ်ဖက်ဆန့်တန်းကာ "
တျန့်ရှမှာ ပူးပေါင်းကြံစည်သူများအတွက် နေရာမရှိ။ဒါက မောင်မင်းတို့အတွက် သင်ခန်းစာတစ်ခုပဲ။"

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon