13.ကောင်းကင်ဘုံနဲ့ကမ္ဘာမြေကြီး

7.1K 901 25
                                    

ဆောင်းဦးမဝင်ခင်မှာ တိမ်စိုင်တွေက လက်ကျန်မျက်ရည်စက်တွေကို သွန်ချချင်သောကြောင့် ဒါက နောက်ထပ် မိုးဖွဲဖွဲလေးထပ်ရွာခြင်းဖြစ်သည်။

သို့သော် ဤသည်က ရုတ်တရက်ကြီး ရွာချလာခြင်းဖြစ်သည်။မိုးရွာလာသည့်အချိန်တွင် ရင်ဟွားလိန်က ရင်အိမ်တော်ကို အလည်သွားဖို့လုပ်နေတာဖြစ်သည်။ သူမက ကောင်းကင်ကို ကြည့်နေသောကြောင့် သူမရဲ့ရထားလုံးပေါ်သို့ အခုထိမတက်ရသေးပေ။

ဘာပဲဖြစ်ဖြစ် သူမက သူမရဲ့ အိမ်ပြန်ခရီးတိုလေးကို ဆက်သွားဖို့ ဆုံးဖြတ်ထားဆဲဖြစ်သည်။
နောက်ပြီး မိုးက ပါးပါးလေးပဲရွာနေတာလေ။

သူမရဲ့ စကတ်ကို မ လိုက်ချိန်တွင် သူမရဲ့မျက်လုံးထောင့်များက လမ်းပေါ်က ပွက်လောရိုက်နေမှုတစ်ခုကို တွေ့လိုက်ပေသည်။မြင်ကွင်းက သူမရဲ့ နှလုံးကို ရပ်တန့်သွားစေခဲ့ပြီး သူမနှုတ်များက စကားလုံးတွေ ချက်ချင်းထွက်လာတော့သည်။

              "ကျောင်း(ဝ်)ကန်း!"

မကြာခင်မှာ မြင်းဟီသံများနှင့်သွေးရူးသွေးတန်းရိုက်နှက်သံများရဲ့အလယ်မှာ နစ်မြုပ်သွားမည်ဖြစ်သောကြောင့် သူမက သူမရဲ့ အသံကျယ်
မကျယ်ကို စိတ်ထဲမထည့်ခဲ့ပေ။

အရိပ်တစ်ခုက အခင်းဖြစ်ပွါးနေသော ရထားနှစ်လုံးကြား တဟုန်ထိုးပြေးသွားခဲ့သည်။ လျှပ်တစ်ပြက်အတွင်း  မိုးတွေနှင့်အတူ
အနီရောင်အရည်တွေက စီးဆင်းသွားခဲ့သည်။

မြင်း ၂ကောင်က နာကျင်နေသောအသံနဲ့ မြေပြင်ပေါ်သို့လဲကျသွားသောအခါ လမ်းပေါ်တွင် ငြိမ်သက်သွားပြန်သည်။

လူအချို့က အကျဥ်းအကျပ်ထဲကနေ ပုံရိပ်တစ်ခူ ထွက်ပေါ်လာသည်ကို ထိတ်လန့်စွာကြည့်နေခဲ့ကြသည်။ အရပ်ရှည်ပြီး မျက်နှာအုပ်ထားသောလူက ကျောက်စိမ်းသဖွယ်ကလေးလေးကို တည်တည်ငြိမ်ငြိမ်ပဲ ပွေ့ဖက်ထားခဲ့သည်။
အထူးသဖြင့် သူမရဲ့သန့်စင်သော မျက်လုံးတွေက ပတ်ပတ်လည်က အကြမ်းဖက်မှုတွေနဲ့ အစွန်းအထင်းမဖြစ်တာ သေချာသည်။

"ဘုရားသခင်..ဒါကဘယ်သူ့ကလေးလေးပါ
လိမ့်? ကလေးက ဒီနေရာမှာ သေလုနီးပါးပဲ!"
တစ်ယောက်က အံ့အားသင့်စွာပြောလိုက်သည်။

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Dove le storie prendono vita. Scoprilo ora