18.Flamingo(2)

5.4K 726 13
                                    

ယနေ့သည် မြို့တော်ဝယ် ဆောင်းဦးလရာသီပွဲတော် စတင်ကျင်းပသည့်နေ့ဖြစ်သည်။

နှစ်စဥ်နှစ်တိုင်းလိုလို တျန့်ရှ၏အင်ပါယာမြို့တော်က ရာသီကူးပြောင်းတွင် ကျင်းပလေ့ရှိသည်။

ပြည်သူပြည်သားများက ဥတုကို ကိုယ်စားပြု
သည့် ဝတ်ရုံအရောင်များအား လိုက်ဖက်ညီစွာ ဝတ်ပြီး အပြင်ထွက်သွားလာကြသည်။

ဆောင်းဦးဝင်ကတည်းက လူအများက အရောင်ရင့်ရင့် နူးညံ့သောဆိုးဆေးများ အလှဆင်ထားသည်များကို ဝတ်ဆင်လာကြသည်။

ရာသီအတောအတွင်း၌ လမ်းများတွင် ဆောင်းဦးရာသီထွက်ကုန်များဖြင့်  ပြည့်နှက်နေသည်ကို တွေ့မြင်နိုင်ပေသည်။

ကြေးနီဒင်္ဂါးအနည်းငယ် ကမ်းလှမ်းသည့် ကစားနည်းများနှင့် ဖျော်ဖြေတင်ဆက်မှုများကို တွေ့မြင်ရသည်ကလည်း စိမ်းသက်မနေခဲ့ပေ။

ဒီအချိန်က အပျိုစင်ငယ်များနှင့် ဂုဏ်သရေရှိအမျိုးသားများအတွက် ဆန့်ကျင်ဘက်လိင်များအား ပွင့်လင်းစွာ သဘောကျနေကြောင်း ပြောဖို့ရာ ခွင့်ပြုသည့်နေ့တစ်နေ့လည်းဖြစ်သည်။

အထူးသဖြင့်..အလှမယ်လေးတွေနဲ့ ယောင်္ကျားသားတို့က တစ်နေ့တည်းအပြင်ထွက်ကြသည့် ကြုံတောင့်ကြုံခဲမြင်ကွင်းပင်။

သက်ဝင်လှုပ်ရှားနေသော အဖြစ်အပျက်များက ရင်ဟွားလိန်ကို အနှောင့်အယှက်မဖြစ်တာကြောင့် သူမက အောက်ဘက်ရှိဆူညံနေပြီး ပျော်နေကြသည့် လမ်းမကို စိတ်မဝင်စားဟန် မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။

သူမက ကျောက်မျက်ရတနာလက်ဘက်ရည်ဆိုင်၏ ထိပ်ဆုံးအလွှာတွင် ရှိနေခဲ့သည်။ မြင့်မြတ်သော မိန်းမပျိုလေးများ၏ သွားချိုချိုလေးများအတွက် တျန့်ရှ၏ အသန့်ဆုံးနေရာတစ်ခုဖြစ်သည်။

သူမ၏ မျက်နှာချင်းဆိုင်မှာ ထိုင်နေတာက လွန်ခဲ့တဲ့ရက်အချို့ကုန်ဆုံးပြီးကတည်းက မရပ်မနားညီးညူနေတဲ့ ဒသမမင်းသမီးကလွဲ ဘယ်သူရှိရဦးမှာလဲ။

ရင်ဟွားလိန်က သူမငြီးငွေ့နေတာကြောင့် ဒီနေ့ကို အပြင်ထွက်ခွင့်ပြုခဲ့သော်ငြား ဒါက ဆာကေး လောက်ပဲဆိုရင်တောင်မှ မင်းသမီးတစ်ယောက်တည်းသွားမှာကို ခွင့်မပြုနိုင်ပေ။

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)حيث تعيش القصص. اكتشف الآن