အခန်း ၃၇ - ကျွန်တော် gay တွေကို မရွံပါဘူး...
လေပြည်ညှင်းတို့၏ ခပ်သော့သော့တိုက်ခတ်မှုကြောင့် ကန်ရေပြင်ထက်တွင်လှိုင်းကြပ်ခွပ်လေးများ ပြေးလွှားကခုန်နေကြပြီး အနောက်ဘက်ကောင်းကင်ယံမှာတော့ တိမ်နီနီတို့နေရာယူနေကြလေပြီ။
သူရိန်နေမင်းကတော့ တစ်နေ့တာအလင်းပေးပြီးနောက် တစ်ညတာကွန်းခိုရန် မိုးကုပ်စက်ဝိုင်းဆီသို့ဝင်လုပြီ။ အစာရှာငှက်ငယ်တို့မှာလည်း အိပ်တန်းတက်ရာအရပ်ဆီ အလျင်အမြန်ပျံသန်းနေကြလေပြီ။
ကန်ဘောင်တစ်လျှောက်မှာတော့ ခုံတန်းရှည်လေးများ အစီအရီရှိနေကြလေသည်။ သို့သော်လည်း လူတစ်ယောက်စ နှစ်ယောက်စမှလွဲလို့ အခြားမည်သူမျှရှိမနေပေ။
သဘာဝ၏အလှအပများကို ခံစားကြည့်ရှုနေရင်း ရှောင်းကျန့်တစ်ယောက် သက်ပြင်းတိုးတိုးချမိသည်။ လူက သည်နေရာတွင်ရှိနေသော်လည်း စိတ်က အတိတ်ကိုပြန်တွေးနေမိသည်။
သခင်လေးဝမ်က ဘာလို့များသည်လိုလုပ်ခဲ့ရပါသလဲ။ ဇာတ်လမ်းအရဟု ယူဆရအောင်လည်း မဖြစ်နိုင်ပေ။ အတွေးတို့က ထိုအကြောင်းထံ ရောက်သွားချိန်မှာ ၀ဲဘက်ရင်အုံက တဒိန်းဒိန်းခုန်ပေါက်လာသည်။
ရှောင်းကျန့် သူ့ကိုယ်သူ ဝေခွဲမရဖြစ်သွားကာ ယောင်ရမ်းပြီးရင်ဘတ်ကိုလက်ဖြင့်ဆုပ်ကိုင်မိတော့သည်။ သည်အမူအရာကို ရိပေါ်ကလည်းမြင်လိုက်လေသည်။
"ရှောင်းကျန့်... နေမကောင်းဘူးလား"
ရိပေါ် စိတ်ပူသွားကာ ရှောင်းကျန့်၏နဖူးပေါ် လက်တင်ကာစမ်းကြည့်မည်ကြံစဉ်မှာ လက်ကိုဖြတ်ရိုက်ခံလိုက်ရသည်။ တရားခံကား ၀မ်ရိပေါ်၏ ချစ်မြတ်နိုးလွန်းရပါသော မက်မွန်ပွင့်လေးသာ။
"စိတ်ဆိုးနေတုန်းလား တောင်းပန်ပါတယ် ကိုယ်စိတ်မထိန်းလိုက်နိုင်ဘူး"
BẠN ĐANG ĐỌC
မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]
Fanfiction*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Preview - ရှေးဟောင်းအမွေအနှစ်ပြတိုက် တခုမှာ ပန်းချီတွေကြည့်ရင်း ပန်းချီတချပ်ဆီက ကဗျာလေးကို ဖတ်မိရာမှ '...
![မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]](https://img.wattpad.com/cover/194631911-64-k458065.jpg)