Zawgyi
မင်္ဂလာပါစာဖတ်သူတို့။
ဘာလိုလိုနဲ့လေပြည်တို့ အတူရှိခဲ့ကြတာ ၁နှစ်ကျော်ခဲ့ပြီဆိုတာ သတိထားမိကြရဲ့လား။ ၂၀၁၉ခုနှစ် ဇူလိုင်၂၂ရက်ကနေစတင်ခဲ့တဲ့ လေပြည့်ရဲ့ပထမဆုံး fanfic ကလေးဟာ ဒီနေ့ ၂၀၂၀ခုနှစ် သြဂုတ်လ၁၂ရက်မှာ ပြီးဆုံးသွားခဲ့ပါပြီ။ ပြောရရင် လေပြည်ရယ်၊ ထောင်ဟွားကောကောရယ်၊ အိမ်ရှေ့စံနတ်ဘုရားလေးရယ်နဲ့ စာဖတ်သူတို့တစ်တွေ အတူတူပျော်ရွှင်၊ ငိုကြွေး၊ အချိုတွေစားပြီး ချွဲကြပ်ခဲ့ရတာ ၁နှစ်နဲ့ ၂၁ရက်တိတိပြည့်မြောက်တဲ့နေ့ပါပဲ။
ကျေးဇူးတင်လွှာလို့ဆိုတဲ့အတိုင်း တစ်ကယ်ကို ကျေးဇူးအနန္တတင်ခဲ့ရတာပါ။ ဒီficလေးစရေးစဉ်က wpမှာ Yizhan ficဆိုတာ ကိုယ်တွေ့မိသလောက် ၅ပုဒ်တောင်မပြည့်သေးလေတော့ ငါရေးလို့ဖြစ်ပါ့မလားဆိုတဲ့ကြောက်စိတ်ဝင်ပြီး တစ်ကယ်စိုးရိမ်ခဲ့တာကတော့အမှန်ပါပဲ။ ကိုယ်မတွေ့မိတာတွေလည်း ရှိကောင်းရှိမှာပါ။ ၅ပုဒ်ထဲရှိသေးတာလို့ ပြောချင်တာမဟုတ်ပါဘူးနော်။
ဘယ်သူမှမဖတ်လဲ ငါဖတ်ချင်လို့ငါရေးတယ်ကွာလို့သဘောပိုက်ပြီး ဆက်ရေးဖြစ်ခဲ့တာပါ။ ဒါပေမယ့် မထင်မှတ်ဘဲ အရမ်း(အရမ်း)သဘောကျလိုက်တာဆိုတဲ့ စကားသံလေးတွေ wpမှာတင်မက fb cb အထိလာပြောကြတော့ မျက်ရည်တွေလည်ခဲ့ရပါတယ်။ ပိုပြီးတော့လည်း အားတွေရှိလာရတာအမှန်ပါပဲ။
အရင်တစ်ပုဒ်တုန်းကထက်စာရင် မရဲတရဲစိတ်တွေပျောက်သွားတဲ့ကိုယ်ပြန်ဖြေခဲ့ပါတယ်။ စာဖတ်သူတွေ အချိန်ပေးပြီးဖတ်ရတာနဲ့တန်အောင် ရေးနိုင်ဖို့ယုံကြည်ပါတယ်လို့ပေါ့။ ဒါပေမယ့် ဇာတ်လမ်းဇာတ်အိမ် ဟာကွက်ဖြစ်သွားမှာ တအားကြောက်တဲ့သူဆိုတော့ ရေးရင်းရင်းရင်းနဲ့ ၈၀ကျော်အထိ ရှည်ထွက်သွားလေတော့ ဇာတ်အီသွားမလားတွေးပူရပြန်တယ်။
ဘာပဲပြောပြော နောက်ဆုံးတော့ ၈၇ပိုင်းမြောက်မှာပြီးဆုံးသွားခဲ့ပါပြီ။ no extra မို့ စာဖတ်သူတို့ စိတ်တော့မကောက်ရဘူးနော်။ wll ထဲမှာ အသစ်လေးတစ်ပုဒ် စတင်ထားပါပြီ။ Yizhan historical လေးပါပဲ။ "yi sheng yi shi wo ai ni "တဲ့။ မက်မွန်လေးလိုပဲ စာဖတ်သူတို့ ချစ်မြတ်နိုးမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
BẠN ĐANG ĐỌC
မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]
Fanfiction*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Preview - ရှေးဟောင်းအမွေအနှစ်ပြတိုက် တခုမှာ ပန်းချီတွေကြည့်ရင်း ပန်းချီတချပ်ဆီက ကဗျာလေးကို ဖတ်မိရာမှ '...
![မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]](https://img.wattpad.com/cover/194631911-64-k458065.jpg)