အခန်း ၅၅ - ငါလိုချင်တာ အေးချမ်းတဲ့ ဘ၀လေးတစ်ခုပါပဲ။

2.5K 269 10
                                        

ယခင်အိမ်ရှေ့စံမင်းသား၏ ဥယျာဉ်တော်အတွင်း၀ယ် ပန်းပင်တို့ကအရောင်အသွေးစုံလင်စွာဖြင့် လှပစွာပွင့်ဖူးနေကြသည်။

ပျား၊ ပိတုန်းတို့ကလည်း ပန်းပွင့်များ၏၀တ်ရည်တို့ကို သောက်သုံးနေကြသလို ငှက်ကလေးများ၏ အော်မြည်သံကလည်း ကျီကျီကျာကျာနှင့် သာယာနာပျော်ဖွယ်ကောင်းလှသည်။

ဥယျာဉ်တော်၏အလယ်မှာတော့ ကြာပန်းတို့ဖြင့် တင့်တယ်နေသော ရေကန်ကြီးတစ်ခု။ ရေကန်၏ မျက်နှာပြင်ထက်မှာတော့ ဖြေးညင်းစွာတိုက်ခတ်နေသောလေပြည်နှင့်အတူ လှိုင်းကြပ်ခွပ်လေးတွေ ကခုန်နေကြသည်။

ရေကန်၏နံဘေး သစ်ပင်ကြီးများဖြင့် အုံ့ဆိုင်းနေသည့် တစ်နေရာမှာတော့ နားနေရာအဆောင်ငယ်လေးတစ်ခု။ အဆောင်ထဲမှာတော့ အနက်ရောင်အခံပေါ်တွင် ငွေခြည်ထိုးထားသည့် ၀တ်ရုံတော်ဖြင့် နတ်သားတမျှတင့်တယ်လှစွာသော အိမ်ရှေ့မင်းသားရှိနေသည်။

လက်ထဲတွင် စုတ်တံတစ်ချောင်းကို ကိုင်ထားပြီးမျက်လုံးအစုံကတော့ စားပွဲငယ်ပေါ်မှ ဆွဲလက်စပန်းချီကို အာရုံစူးစိုက်လို့နေသည်။

သည်မနက် ခမည်းတော်နှင့် မယ်တော့်ထံ သွားရောက်ဂါရ၀ပြုပြီးနောက် သူ၏ပထမဆုံးအလုပ်က အစ်ကိုတော်၏ ဥယျာဉ်တော်ဆီသို့လာပြီး ပန်းချီဆွဲခြင်းပင်ဖြစ်သည်။

အလုံးစုံဆွဲ၍ပြီးသွားသည့်နောက် ရိပေါ်က လက်ထဲမှစုတ်တံကို မင်ခွက်ပေါ်အသာလေးတင်လိုက်ပြီး ပန်းချီစာရွက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ သူ့လက်ရာကိုကြည့်လိုက်သည်။ သူ့မျက်၀န်းမှာတော့ လွမ်းဆွတ်တမ်းတနေဟန်တို့က အထင်းသား။

"စိတ်ချပါအစ်ကိုတော် တရားခံကိုညီတော်မိအောင်ဖမ်းမှာပါ"

နှုတ်ခမ်းပါးမှ တိုးညှင်းစွာရေရွတ်လိုက်ပြီးနောက် ပန်းချီစာရွက်ကိုပြန်ချပြီး သစ်သားတုံးဖြင့်အသေအချာဖြန့်ကာ ဖိထားလိုက်ပြီးနောက် မျက်၀န်းအစုံကို ကန်ရေပြင်ဆီပို့ထားလိုက်သည်။

အစ်ကိုတော့်ကို လုပ်ကြံခဲ့သောတရားခံကအနီးအနားမှာပင် ရှိနေသည်ဆိုတာ ရိပ်မိနေသော်လည်း သက်သေမခိုင်လုံတာကြောင့် သူ့ရင်ထဲတနုံ့နုံ့ဖြင့်ခံစားနေရသည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]Donde viven las historias. Descúbrelo ahora