အခန်း ၈၆။ ၀မ်းနည်းခြင်းတွေမရှိတော့တဲ့ ရပ်၀န်းတစ်နေရာ

2.2K 229 16
                                        

ညနေဆည်းဆာကား ပုစွန်နီရောင်သမ်းကာ တောက်ပနေသော တိမ်တိုက်များကြောင့် ကောင်းကင်ယံတွင် လှချင်တိုင်းလှနေတော့သည်။

အနည်းငယ်အေးစိမ့်သော လေပြည်လေညှင်းကတော့ လူတစ်ကိုယ်လုံးကိုေ၀့၀ဲကာ ကလူကျီစယ်လို့နေလျက်။

အေ၀းကိုငေးကြည့်တော့ အထပ်မြင့်တိုက်များကို တည့်တည့်အနေအထားလောက်အထိမြင်နေရသလို သာမန်တိုက်များ၊ အိမ်များကတော့ ဟိုးအောက်ခြေမှာ။

ဟုတ်ပါသည်။ သူတို့နှစ်ဦးရောက်ရှိနေသည်က ဆေးရုံ၏ခေါင်မိုးထပ်မှာဖြစ်သည်။ ရှောင်းကျန့်က လက်နှစ်ဖက်ကိုဆန့်တန်းရင်း အောက်စီဂျင်များကို အဆုတ်ထဲသို့တစ်၀ကြီးရှူသွင်းနေသလို ရိပေါ်ကတော့ wheel chair ကိုကိုင်ထားရာမှလွှတ်ကာ လေအရှိန်ဖြင့်ေ၀့၀ဲနေသော ရှောင်းကျန့်၏ဆံစလေးများကိုလက်ဖြင့်သပ်ပေးလေသည်။

သို့သော်လည်း ခဏမျှသာ။ မရပ်မနားတိုက်ခတ်နေသောလေပြည်ကြောင့် ပြန်လည်ပွရှုပ်သွားရပြန်သည်။ ရိပေါ်တစ်ယောက် သူ့ချစ်သူ၏ဆံစလေးများကိုပင် လေညှင်းလေးများက ကလူကျီစယ်သည်ကိုပင် မကြည်လင်ဟန်ဖြင့် အကြိမ်ကြိမ်အဖန်ဖန် ဖိကာသပ်လေတော့ ရှောင်းကျန့်ကရယ်မောကာ သူ့အနောက်မှ ရိပေါ်၏လက်ကို ရှေ့သို့ဆွဲယူလိုက်သည်။

"ရိပေါ်"

"ဟင်"

"ငါ... ငါလေ..."

ရှောင်းကျန့်က ကြိုတင်စီစဉ်ထားသည့်ကိစ္စအပေါ် စိုးရိမ်နေမိသောခံစားချက်ကိုပြောပြလိုပါသော်လည်း ပြောမထွက်ဘဲဖြစ်နေရသည်။ ထို့နောက်မှာတော့ တိုက်ခတ်နေသော အေးစက်စက်လေထုအကြား ရှောင်းကျန့်၏ကိုယ်လေးက နွေးထွေးသွားသယောင်ယောင်။

ရိပေါ်က အနောက်မှနေ၍သိုင်းကာ ဖက်လိုက်ခြင်းပါတည်း။ ကြောက်ဖို့မလိုကြောင်း၊ သူရှိနေပါကြောင်း နှုတ်ဖျားမှထုတ်ပြောနေဖို့ပင် မလိုသည်အထိ သူတို့နှစ်ဦးကြားက ချစ်ခြင်းမေတ္တာကြိုးက နားလည်မှုတွေနှင့် ခိုင်မြဲနေခဲ့လေပြီ။

ရှောင်းကျန့်လည်း ရိပေါ်၏လက်ကိုကိုင်ထားရာမှလွှတ်ကာ ခေါင်းလေးစောင်းပြီး ပါးတစ်ဖက်ကိုမွှေးကြူလိုက်သလို ရိပေါ်၏နှုတ်ခမ်းပါးကလည်း ပြုံးယောင်သမ်းသွားရသည်။ ထို့နောက်တစ်ဖန် ဒေါသတွေက မျက်နှာပေါ်တွင် ထွက်ပေါ်လာပြန်သည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]Nơi câu chuyện tồn tại. Hãy khám phá bây giờ