အခန်း ၆၆ - ပန်းတွေကလှတာ။ ကျွန်တော်ကတော့ခန့်ငြားတာ။

2.1K 211 8
                                        

မွေးနေ့ပွဲစတင်ကတည်းက ရှောင်းကျန့်တစ်ယောက် လုပ်ကြံမှုဖြစ်နိုင်သော အခြေအနေအားလုံးကိုစောင့်ကြည့်ရင်း ရိပေါ်၏နောက်တွင် တိတ်တဆိတ်ရပ်နေခဲ့သည်။

ဧကရာဇ်ကမိန့်မှာလိုက်တာကြောင့်ဆိုတာထက် အကယ်၍ရိပေါ်သာ တစ်စုံတစ်ခုဖြစ်သွားလျှင် သူပဲရင်ကျိုးရလိမ့်မည်လေ။ ပြီးတော့ သည်ကိုရောက်ကတည်းက သူ့စိတ်ထဲတထင့်ထင့်။

ရှောင်းကျန့်၏အထင် မမှားခဲ့ပါချေ။ ရိပေါ်အတွက် ပြင်ဆင်ပေးထားသော စားပွဲထက်ရှိ ကရားထဲမှသေရည်ကို စစ်သူကြီးကျန်းက ခွက်ထဲငှဲ့ပေးချိန်တွင် သူ့ခေါင်းထဲအချက်ပေးသံတွေ မြည်ဟီးသွားရသည်။

သေရည်၏ရနံ့က သူ့စိတ်ထင် အနည်းငယ်ကွဲထွက်နေသည်။ သာမန်အားဖြင့် သည်အနံ့က သတိထားမိဖို့ရာ သိပ်မလွယ်ပေမယ့်လည်း ငယ်စဉ်ကလေးဘ၀ကတည်းက ဆေးပင်ဆေးမြစ်တွေနှင့်ရင်းနှီးနေသော သူ၏အနံ့ခံအရုံအောက်ကတော့ ပြေးလို့မလွတ်နိုင်ပါချေ။

ထို့ကြောင့်ပင် စစ်သူကြီးကျန်းထံမှ ခွက်ကိုရိပေါ်လက်မခံခင်မှာပင် အလျင်အမြန်တားဆီးကာ ကိုယ်စားသောက်ပေးခွင့်တောင်းလိုက်တာဖြစ်သည်။ သူသောက်မိလိုက်သည်နှင့် ထင်ခ့ဲသည့်အတိုင်းပင် အဆိပ်ပင်တစ်မျိုးပါ၀င်နေမှန်း သိလိုက်ရသည်။

လိုလိုလားလားသောက်လိုက်ခြင်းပင်မို့ နောင်တတော့မရပါချေ။ တရားခံက စစ်သူကြီးတို့မိသားစုမဟုတ်မှန်း သူ၏မသိစိတ်က အလိုလိုယုံကြည်မိနေသည်မို့ သူသာမသောက်ခဲ့လျှင် ရိပေါ်တင်မကဘဲ စစ်သူကြီးတို့မိသားစုပါ ဒုက္ခရောက်ပေလိမ့်မည်။

ဒါကြောင့်ပဲ အဆိပ်မိသွားတာကို လူမသိရလေအောင် တခြားနေရာကိုထွက်လာခဲ့လိုက်တာဖြစ်သည်။ ခြေလှမ်းအနည်းငယ်မျှသာရှိသေးချိန်မှာပင် ယိုင်ခနဲဖြစ်သွားသည့် ခန္ဓာကိုယ်ကိုထိန်းမတ်ရင်း မွေးနေ့ပွဲနှင့်ေ၀းရာကိုအားတင်းကာ လျှောက်လာခဲ့သည်။

အတော်ဝေဝေးကိုရောက်တော့မှ စိတ်အစုံကိုလွှတ်ချလိုက်မိသည့်နောက် လူကလဲမဟန်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ဒူးထောက် ကျသွားရလေတော့သည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]Donde viven las historias. Descúbrelo ahora