အခန်း ၃၈ - ဟောဒီ့နာကျင်နေတဲ့နှလုံးသားကပြောနေတယ်"အဲဒီ့လူကခင်ဗျားပဲ"တဲ့လေ
ရိပေါ်အိမ်ပြန်ရောက်တော့ ရေချိုး၊ ဘာညာကိစ္စရပ်တွေလုပ်ပြီးနောက် ရှောင်ဟိုင်နှင့် ညနေစာအတူစားသည်။ ထို့နောက်မှာတော့ နောက်ရက်ရိုက်ကူးရမည့် နေရာနှင့် dialogue တွေဖတ်သလို ရေးလက်စသူတို့၏ ဇာတ်လမ်းလေးကိုလည်း ဆက်ရေးသည်။
နားမည်ကြံတော့ အချိန်ကည ၁၁နာရီကျော်နေလေပြီ။ အိပ်ချိန်ရောက်ပြီဆိုသော်လည်း လူကအိပ်မရ။ နေ့လည်ကအကြောင်းသာ မျက်လုံးထဲ တ၀ဲလည်လည်ဖြစ်နေတာကြောင့် သက်ပြင်းချမိသည်။
အစကတော့ ဟန်ကလေးပင်လုပ်မည်ဟု စိတ်ကူးထားသော်လည်း တစ်ကယ်ရိုက်ကူးချိန်မှာတော့ နီးကပ်စွာရှိနေသော ထိုလူသားလေးကို မြတ်နိုးစိတ်က ထိန်းမရနိုင်ခဲ့ပေ။
ပြန်တွေးမိရင်း မျက်နှာတစ်ခုလုံး အပြုံးတို့ဝေနေစဉ်မှာပင် အခန်းခေါက်သံကြားတာကြောင့်လှည့်ကြည့်တော့ ရှောင်ဟိုင်က အခန်းထဲဝင်လာသည်။
ရေဇလုံတစ်လုံးကိုပွေ့လာပြီး ပလတ်စတစ်ခြင်းတောင်းလေးတစ်ခုကိုလည်း လက်မောင်းမှာချိတ်လာသေးသည်။
ကုတင်ဘေးရောက်ကာမှ ခြင်းတောင်းထဲမှ ပစ္စည်းတွေကို စားပွဲခုံလေးပေါ် တင်လိုက်သည်။ ထိုအခါမှ ပုဝါ၊ ဆေးဘူးနှင့် ပတ်တီးလိပ်ဖြူဖြူတို့ ဖြစ်နေသည်ကို သူမြင်လိုက်ရသည်။
"နာမှမနာတော့တာ ဆေးစည်းဖို့မလိုပါဘူး"
"စည်းထားမှဖြစ်မယ် ခဏနေရင်ကျန့်ကျန့်ရောက်လာမှာ"
ရိပေါ်ကြောင်အနေစဉ်မှာပင် ရှောင်ဟိုင်က အင်္ကျီကိုချွတ်စေကာ လက်မောင်းနှင့်ပုခုံးကို ဆေးစည်းဖို့လုပ်တော့သည်။
"အစ်ကိုကြီးသက်သာရဲ့လားလို့ ဖုန်းဆက်မေးလို့ လက်မောင်းကဒဏ်ရာအရှိန်နဲ့ အဖျားတက်နေတယ်ပြောလိုက်တယ် ဟီးဟီး"
VOCÊ ESTÁ LENDO
မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]
Fanfic*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Preview - ရှေးဟောင်းအမွေအနှစ်ပြတိုက် တခုမှာ ပန်းချီတွေကြည့်ရင်း ပန်းချီတချပ်ဆီက ကဗျာလေးကို ဖတ်မိရာမှ '...
![မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]](https://img.wattpad.com/cover/194631911-64-k458065.jpg)