အခန်း ၆၉။ အိမ်ရှေ့စံကထက်မြက်တယ်ဆို။ အခုတော့ကြက်ပေါက်လေးလိုပါလား။

1.9K 207 10
                                        

သည်နှစ်ရက်လုံးလုံး အရိပ်အယောင်ပင်မမြင်ရသော ရှောင်းကျန့်ကြောင့် ရိပေါ်တစ်ယောက် နယ်စပ်သို့စစ်ချီတက်ကာနီးမှ စိတ်မဖြောင့်ဘဲ ကြာပန်းရေကန်ဆီလိုက်လာခဲ့သည်။

ထင်မှတ်ထားသည့်အတိုင်းပင် ရှောင်းကျန့်ရှိနေပါ၏။ ဟိုးအေ၀းကို ငေးမောနေတာကြောင့် အနားသို့သူလျှောက်လာတာကို မြင်ပုံမရပါချေ။

ရှောင်းကျန့်၏ ဘေးတစောင်းမျက်နှာလေးကိုကြည့်နေရင်း ဟိုးယခင်ကတည်းက သိကျွမ်းနေသူလို ခံစားရသည်။ စဉ်းစားကြည့်တော့လဲ မသေချာပေ။

အတန်ကြာတော့မှ ရှောင်းကျန့်က အေ၀းကိုငေးမောနေသည့် အကြည့်တို့ကိုရုပ်သိမ်းပြီး ထိုင်နေရာမှထရပ်ကာ လှည့်လာသည်။ ရုတ်တရက် ရိပေါ်ကိုမြင်တော့ အံ့သြသွားဟန်ရပြီးမှ အနားကိုလျှောက်လာသည်။

"ကျွန်တော်က သွားပြီထင်နေတာ"

"အင်း သွားကာနီးမှ မင်းကိုသတိရလို့"

ရိပေါ်က သူ၏အဖြေစကားကြောင့် ၀ိုင်းခနဲဖြစ်သွားသော မျက်၀န်းတစ်စုံကို စေ့စေ့ကြည့်ရင်း တစ်ကယ်ကိုရင်းရင်းနှီးနှီး သိနေသည်ဆိုတာ ပိုပြီးသေချာသွားခဲ့သည်။

"ရှောင်းကျန့် ငါတို့ပထမဆုံးဆုံခဲ့တာ ယွင်ကျီတောင်နားမှာနော် ဟုတ်တယ်မလား ဒါပေမယ့်ငါမင်းကို အရမ်းရင်းရင်းနှီးနှီး...."

ဆက်မေးမည်ကြံပြီးမှ ပြုံးယောင်သမ်းသွားသောရှောင်းကျန့်ကြောင့် ရိပေါ်၏စကားမှာ ရပ်တန့်သွားရသည်။ ထို့စဉ်မှာပင် ရှောင်းကျန့်က သူ၏ဘယ်ဘက်လက်ကိုကိုင်ကာ တစ်စုံတစ်ရာကို ၀တ်ပေးလာသည်။

"ဒီအန္တရာယ်ကင်းစေတဲ့ အဆောင်လေးက ကျွန်တော်ငယ်ငယ်လေးကတည်းက ကျောင်းထိုင်ဆရာတော်၀တ်ပေးခဲ့တာ အရှင့်သားကိုခဏငှားလိုက်မယ် ဒါကြောင့်ဆက်ဆက် ပြန်လာပြီးပေးရမှာနော်"

"အင်း ပြန်လာပေးမယ် မင်းလည်းအစစအရာရာ ဂရုစိုက်ပါ"

စစ်သူကြီးကျန်းရန်ရှိက နန်းရင်ပြင်တွင် စစ်သည်များကို စုစည်းနေပြီဖြစ်ပြီး စစ်ချီတက်ရမည့်အချိန်ကလည်း နီးကပ်နေပြီမို့ အိမ်ရှေ့စံဖြစ်သောသူက သည်နေရာမှာကြာနေလို့ မသင့်ပါချေ။

မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]Donde viven las historias. Descúbrelo ahora