အခန်း ၅၇ - နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော့်နတ်ဘုရားလေးရေ။

2.6K 281 14
                                        

တတိယပွဲစဉ်ပြီးသွားသည့်နောက်ကြီးကြပ်သူက စတုတ္တပွဲစဉ်ကို ဆက်လက်ကျင်းပစေသည်။ စင်မြင့်ထက်မှတိုက်ပွဲကို ကြည့်နေရင်း ရှောင်းကျန့်၏စိတ်ထဲတွင် တစ်စုံတစ်ရာ မှားယွင်းနေသလို ခံစားလိုက်ရသည်။

ယှဉ်ပြိုင်နေသူနှစ်ဦးဟာ သူနိုင်ကိုယ်နိုင် အပြိုင်ကျဲရမည့်အစား တစ်ယောက်နှင့်တစ်ယောက် မထိခိုက်အောင် တိုက်ခိုက်နေသလို ခံစားလိုက်မိသည်။

တစ်ခုခုတော့ လွဲနေချေပြီ။ ရှောင်းကျန့်၏ အတွေးပင်မဆုံးသေး။ စင်မြင့်ပေါ်မှ ထိုလူနှစ်ဦး၏ ဓားသွားတို့က တော်ဝင်မိသားစု၏ ပွဲကြည့်ရာစင်မြင့်ထက်သို့ ဦးတည်သွားလေတော့သည်။

"အရှင့်သား သတိထား......"

ရှောင်းကျန့်တစ်ယောက် စိုးရိမ်တကြီးဖြင့် အော်လိုက်သလို လက်ကဓားကိုမြဲမြဲကိုင်ရင်း လူကလည်းစင်မြင့်ဆီသို့ တစ်ဆက်တည်း လိုက်ပါသွားလေသည်။

သို့သော်လည်း သူအနည်းငယ်မျှ နောက်ကျသွားခဲ့သည်။ အရှိန်ဖြင့်ပစ်လွှတ်လိုက်သော ဓားတစ်ချောင်းက ရိပေါ်၏နှလုံးအိမ်တည့်တည့်သို့ အလွန်လျှင်မြန်စွာ ဦးတည်လာသည်။

ကံကောင်းစွာပင် သတိကြီးသောရိပေါ်က သူ့ထံသို့ဦးတည်လာသောဓားကို အချိန်မီရှောင်လိုက်နိုင်သည်။ သို့သော်လည်း လျှင်မြန်လွန်းသည့်အရှိန်ကြောင့် အပြည့်အ၀လွတ်မြောက်သည်အထိ ရှောင်ချိန်မရလိုက်ဘဲ ဓားသွားက လက်မောင်းကိုရှပ်ကာထိသွားလေသည်။

စိတ်လည်းပူ၊ ဒေါသလည်းထွက်သွားရပြီးနောက်မှာ ရှောင်းကျန့်ဟာထိုသူများထံသို့ တစ်ဟုန်ထိုးပြေး၀င်တိုက်ခိုက်လိုက်တော့သည်။

တိုက်ပွဲဖြစ်သည်နှင့် ဧကရီမိဖုရားကြီးကို အထိန်းတော်နှင့်နန်းတွင်းသူများက လွတ်ကင်းရာဆီ အမြန်ခေါ်ထုတ်သွားခဲ့ကြသည်။

ရဲမက်စစ်သည်များကလည်း မင်းကြီးနှင့်အိမ်ရှေ့စံကို လွတ်ကင်းရာသို့ ခေါ်သွားရန်ကြိုးစားသော်ငြား တစ်ဦးမက ထပ်မံပေါ်ထွက်လာသော လုပ်ကြံသူများကြောင့် အခွင့်မသာပေ။

ထို့ကြောင့် 'အရှင်မင်းကြီးနဲ့အိမ်ရှေ့စံကိုကာကွယ်ကြ'ဟု အော်ဟစ်ကြရင်း  ကာကွယ်ရန်အသင့်ပြင်ကြသည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]Nơi câu chuyện tồn tại. Hãy khám phá bây giờ