"ငါ အထူးသီးသန့်ခန်းလိုချင်တယ်"
"အထူးသီးသန့်ခန်းလား... ကျွန်မခေါ်သွားပေးပါ့မယ် အားလီရေ သခင်လေးကိုပြုစုဖို့ ရှောင်ဟွားကိုသွားခေါ်လိုက်... သခင်လေးဒီဘက်ကိုကြွပါ"
ရှောင်းကျန့်က ဆောင်ကြာမယ်ခေါင်းဆောင် လမ်းပြရာနောက်သို့လိုက်လာရင်း ဆောင်ကြာမြိုင်၏အတွင်းပိုင်းထဲသို့ ရောက်လာခဲ့သည်။ သည်တော့မှ သောက်စားဆူညံနေသံများ ယခင်ထက်တိုးသွားကာ အတော်လေးလည်းနားအေးသွားရသည်။
"သခင်လေး ဒီအခန်းပါ"
"အင်း"
ညွှန်ပြရာအခန်းထဲသို့ သူ၀င်သွားလိုက်ပြီးနောက်မှာ ထိုအမျိုးသမီးကိုပါ ထိုင်ဖို့အချက်ပြလိုက်သည်။ ပြီးနောက် သူ့ငွေအိတ်ထဲမှ ကြေးဒင်္ဂါးအချို့ထုတ်ယူကာ စားပွဲပေါ်တင်ပေးလိုက်သည်။
"ငါ သတင်းတစ်ချို့လိုချင်တယ်"
"ဘာသတင်းကို သိချင်တာများလဲ သခင်လေး"
"အခုလက်ရှိအိမ်ရှေ့စံနဲ့ပါတ်သတ်တာ အကုန်လုံး"
"အဲဒါဆိုရင်တော့ ဒီလောက်နဲ့မရသေးဘူး သခင်လေးရဲ့"
"ဘယ်လောက်လဲ"
"ဒီဟာရဲ့နှစ်ဆ"
"ကောင်းပြီ"
ရှောင်းကျန့်၏စကားကြောင့် သူမပြုံးလိုက်ပြီးနောက် ရိပေါ်နှင့်ပါတ်သတ်ပြီး သိထားသမျှသတင်းတို့ကို မချွင်းမချန်ပြောပြလေသည်။
အခြားအကြောင်းအရာဆိုလျှင် မှတ်သားထားသောစာလိပ်ကို ယူဖို့ရာလိုကောင်းလိုနိုင်သော်လည်း လက်ရှိအိမ်ရှေ့စံမင်းသားအကြောင်းကတော့ သူမမှတ်မိနေတာမို့ မလိုအပ်တော့ပေ။
"ငါဒီအကြောင်းတွေ လာစုံစမ်းတာ တခြားသူ မသိစေချင်ဘူး"
"ကျွန်မ နားလည်ပါတယ်"
လိုချင်သောသတင်းများ စုံလင်စွာသိရပြီးနောက် ရှောင်းကျန့်က ကတိအတိုင်းထပ်ပေးလိုက်ကာ သွားနိုင်ပြီဖြစ်ကြောင်း ပြောလိုက်သည်။ အမျိုးသမီးထွက်သွားပြီး သိပ်မကြာပေ။
မိန်းကလေးတစ်ယောက် သေရည်ပုလင်း၊ အမြည်းများနှင့်အတူ ရောက်ရှိလာလေသည်။ သူခန့်မှန်းကြည့်ရမည်ဆိုလျှင် ထိုမိန်းကလေးဟာ အသက်တစ်ဆယ့်လေးနှစ်၊ တစ်ဆယ့်ငါးနှစ်လောက်သာ ရှိလိမ့်ဦးမည်။
BẠN ĐANG ĐỌC
မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]
Fanfiction*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Preview - ရှေးဟောင်းအမွေအနှစ်ပြတိုက် တခုမှာ ပန်းချီတွေကြည့်ရင်း ပန်းချီတချပ်ဆီက ကဗျာလေးကို ဖတ်မိရာမှ '...
![မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]](https://img.wattpad.com/cover/194631911-64-k458065.jpg)