နှစ်ဦးသားစနောက်နေချိန်မှာပင် အခန်းတံခါးဖွင့်သံကြားတာကြောင့် လှည့်ကြည့်မိတော့ ရှောင်ဟိုင်က သစ်သီးအိတ်ကိုလက်ကဆွဲရင်း အခန်းထဲ၀င်လာပြီး ရှောင်းကျန့်ကိုမြင်သည်နှင့် အခန်းတံခါးကိုပင် ပြန်မပိတ်နိုင်ဘဲ ပြေးကာဖက်လေတော့သည်။
မွေးစားအစ်ကိုဖြစ်သူ သုံးရက်ကြာမေ့မျောနေရာမှ သတိရပြီဖြစ်ပြီး ယခင်အကြောင်းအရာတွေပါ မှတ်မိနေပြီဆိုတာ အစ်ကိုကြီးက ဖုန်းဆက်ပြောတော့ သူချက်ချင်းလာဖို့ကြိုးစားခဲ့သည်။
သို့သော်လည်း ထိုအစ်ကိုကြီးက ဟိုအသီး၊ ဒီအသီးဖြင့်မှာကြားနေသည်ကို ၀င်၀ယ်နေရတာကြောင့် လမ်းမှာကြာနေခဲ့ခြင်းပင်။
"ကျန့်ကျန့်"
"ကောင်ဆိုးလေး သတိရနေတာ"
"ကျန့်ကျန့်ကို လွမ်းနေတာ"
ရှောင်းကျန့်ရယ်မောလိုက်ရင်း ရင်ခွင်ထဲခေါင်းကြီးထိုးထည့်ကာ ချွဲနေသောရှောင်ဟိုင်၏ကိုယ်လေးကို ပွေ့ဖက်ကာပွတ်သပ်ပေးလိုက်သည်။
သူလည်းပဲ သတိပြန်ရပြီးကတည်းက တွေ့ချင်နေခဲ့သည်။ အနားယူခိုင်းထားသည်ဆိုတာကြောင့်သာ သတိရနေသည့်စိတ်ကို ချုပ်တည်းထားခဲ့ရတာဖြစ်သည်။
ယခုပြန်တွေ့ရပြီဆိုတော့ ရှောင်းကျန့်လည်း မွေးစားညီငယ်ဖြစ်သူကို မေ့ပျောက်နေခဲ့သောအချိန်တွေအစား အတိုးချကာထွေးဖက်ထားလိုက်တော့သည်။
သို့သော်လည်း ခဏမျှသာ။ ရှာလကာရည်ဘုရင်ကြီးရိပေါ်က ရှောင်းကျန့်၏ရင်ခွင်ထဲ တိုး၀င်နေသောရှောင်ဟိုင့်ကို အတင်းပင်ဆွဲခွာလေတော့သည်။ နောက်ဆုံးတော့ ရှောင်ဟိုင်လည်း မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ရတော့သည်။
အစ်ကိုဖြစ်သူကို လွမ်းဆွတ်သည်မှန်သော်ငြား တစ်စုံတစ်ယောက်ကတော့ဖြင့် ညီအစ်ကိုအချင်းချင်းကိုပင် သ၀န်တွေတိုနေပြီမဟုတ်ပါလား။ သည်တော့ ရှောင်ဟိုင်လည်း ဟွန့်ခနဲအသံပြုကာ လက်ထဲကသစ်သီးအိတ်ကိုဖြည်ပြီး ပန်းကန်ထဲသု့ိသာ လှယ်ထည့်နေလိုက်တော့သည်။
"ထောင်ဟွား ပန်းသီးစားမလား"
"အင်း"
ရှောင်းကျန့်ခေါင်းညိတ်ပြတော့ ရိပေါ်ကရှောင်ဟိုင့်ကိုလှမ်းကြည့်သည်။ အထာနပ်သောရှောင်ဟိုင်ကလည်း သစ်သီးပန်းကန်ကိုယူကာ ရေသွားဆေးပေးလိုက်သည်။
BẠN ĐANG ĐỌC
မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]
Fanfiction*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Preview - ရှေးဟောင်းအမွေအနှစ်ပြတိုက် တခုမှာ ပန်းချီတွေကြည့်ရင်း ပန်းချီတချပ်ဆီက ကဗျာလေးကို ဖတ်မိရာမှ '...
![မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]](https://img.wattpad.com/cover/194631911-64-k458065.jpg)