အခန်း ၅၉ - အား..... ၀မ်ရိပေါ်ရာငါ့ကိုငိုချင်အောင်လုပ်နေတာပဲ

3.3K 305 12
                                        

"အင်းဟင်း... အရှင့်သား... ထပါဦး... "

ကြားလိုက်ရသောခေါ်သံကြောင့် ရိပေါ်တစ်ယောက် အိပ်ပျော်နေရာမှ ဆတ်ခနဲလန့်နိုးသွားရသည်။ ရှောင်းကျန့်နိုးလာပြီအထင်နှင့် လှမ်းကြည့်လိုက်သော်လည်း မဟုတ်ပေ။

အနားကိုလျှောက်သွားလိုက်တော့မှ ယောင်ပြီးညည်းညူနေတာဖြစ်ကြောင်း သိလိုက်ရသည်။ နဖူးဆံစပ်ကိုစမ်းကြည့်တော့ သိပ်ပူမနေတော့။

သည်တော့မှ စိတ်အေးသွားရပြီး လက်ကိုပြန်ရုပ်တော့ ဖျတ်ခနဲပင်လက်ကောက်၀တ်ကို ဆုပ်ကိုင်လာသည်က ရှောင်းကျန့်၏ လက်တစ်ဖက်။

"မဟုတ်ဘူး... ဟင့်အင်း... အရှင့်သား ဘာမှမဖြစ်ရဘူး"

"အင်း... ဒီမင်းသားဘာမှမဖြစ်တော့ဘူး အဆင်ပြေတယ်"

ရုတ်တရက် ဆုပ်ကိုင်လာသောလက်တစ်ဖက်ကြောင့် ကြောင်အသွားမိပါသော်လည်း ယောင်ယမ်းနေသူ စိတ်သက်သာစေရန်အလို့ငှာ ပခုံးကိုသာဖွဖွပုတ်ပေးကာ စကားတွေပြောပေးနေလိုက်သည်။

"ဒီမင်းသားအဆင်ပြေတယ် မင်းအရမ်းပင်ပန်းထားတာ ကောင်းကောင်းနားလိုက်ပါ"

"အင်း"

ရှောင်းကျန့်က ယောင်ယမ်းကာညည်းညူနေရင်းမှ ကိုင်ဆွဲထားမိသော ရိပေါ်၏လက်ကို သူ့ရင်ခွင်အတွင်းသို့ ထည့်ကာဖက်ထားလိုက်သည်။

ရိပေါ်က လက်ကိုပြန်ရုတ်လိုပါသော်လည်း သူ့လက်ကိုဖက်ထားပြီးနောက် စိတ်သက်သာရာ ရသွားပုံပေါ်သော ရှောင်းကျန့်၏မျက်နှာအနေအထားကြောင့် သည်အတိုင်းပင် နေပေးလိုက်တော့သည်။

ထို့နောက် သူ၏အာရုံအလုံးစုံက လွန်ခဲ့သောနှစ်ရက်က လုပ်ကြံမှုအကြောင်းဆီရောက်သွားတော့ စိတ်ရှုပ်သွားရသည်။

၀မ်ရိလန်... မင်းလက်ချက်လား။ အရင်တစ်ခါက အစ်ကိုတော်ကို လုပ်ကြံတယ်။ အခုတစ်ခါ ခမည်းတော်နဲ့ငါ့ကိုပစ်မှတ်ထားတယ် မင်းဒီလောက်တောင်မှ ထီးနန်းကို လိုချင်နေတာလား။ မင်းရဲ့အပြစ်တွေအတွက် ပေးဆပ်ရလိမ့်မယ် ၀မ်ရိလန်။

ရိပေါ် အံကိုတင်းတင်းကြိတ်ထားမိသည်။ ခမည်းတော်က ဧကရာဇ်တစ်ပါးဖြစ်သည့်အလျောက် တော်၀င်မိဖုရားနှင့်ကိုယ်လုပ်တော်ဟူသည့် ဇနီးမယားတွေက တို့ထိသည်ရော၊ မတို့မထိဘဲထားသည်ရော ပေါင်းလိုက်လျှင်မနည်းမနော။

မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]Nơi câu chuyện tồn tại. Hãy khám phá bây giờ