ရေစိုနေသောအတွင်း၀တ်များကို ရိပေါ်ကိုယ်တိုင် လဲလှယ်၀တ်ဆင်ပီးနောက်မှာ ရှောင်းကျန့်က ကျန်သည့်အရာများ၀တ်ဆင်ရန် ကူညီပေးလိုက်သည်။
အားလုံးပြီးသွားသည့်နောက် ရိပေါ်က နန်းဆောင်အပြင်မှနန်းတွင်းသူများကို အထဲသို့၀င်ခိုင်းလိုက်သည်။ ရှောင်းကျန့်လည်း ခပ်လှမ်းလှမ်းမှာ ရပ်နေလိုက်သည်။
ရိပေါ်က ဘာမျှမဖြစ်ခဲ့သလိုဟန်မပျက်နေနေတာကြောင့် သူလည်းမည်သည့်စကားမျှမဟတော့ဘဲ မိန်းကလေးများကို မသိမသာကြည့်လိုက်သည်။
နန်းတွင်းသူနှစ်ယောက်စလုံး အမူအရာပျက်နေခြင်း အလျဉ်းမရှိပါချေ။ သို့သော်လည်း ရှောင်းကျန့်ကသတိကြီးကြီးဖြင့် သူ့အမူအရာကို မသိသာစေဘဲ အတော်ကြာကြာထောက်လှမ်းနေလိုက်သည်။
အဲဒီ့နောက်မှာ တစ်စုံတစ်ရာကို သတိထားမိကာ နှုတ်ခမ်းထောင့်စွန်းလေး ကော့တက်သွားရသည်။
သူသတိထားလိုက်မိသည်က စုစုနှင့် အားလီတို့နှစ်ယောက်အနက် တစ်ယောက်က ရိပေါ်၏ဆံပင်ကို ထုံးဖွဲ့ပေးနေချိန်မှာ သူမ၏အမူအရာက အခန်းထဲသို့ ၀င်လာခဲ့စဉ်ကအတိုင်း မပြောင်းလဲ။
ကျန်တစ်ယောက်ကတော့ ဘီး၊ ကျောက်မျက်ဆံထိုး အစရှိသည်တို့ကိုတင်ထားသာ ဗန်းလေးကိုကိုင်ထားပေးရင်းမှ အတွင်းဆောင်ဘက်သို့ သူမ၏မျက်လုံးကိုမသိမသာလေး စွေကြည့်လိုက်သည်ကိုပင်။
ရိပေါ်ရော အတွင်းဆောင်ရော ဘာမျှထူးခြားနေပုံမတွေ့တော့ မျက်နှာက အနည်းငယ်အလိုမကျဖြစ်သွားပုံရပြီး သိပ်မကြာလိုက်ဘဲ ချက်ချင်းလိုလိုပင် ပုံမှန်ပြန်ဖြစ်သွားတော့သည်။
ဘယ်လောက်ပင် အမူအရာပိရိသည်ဖြစ်ပါစေ။ ထက်ရှလွန်းသော ရှောင်းကျန့်၏မျက်လုံးအောက်မှ ပြေးမလွတ်နိုင်ပါ။
မနေ့က သူသတိရလာချိန်မှာ ရိပေါ်က သူမတို့၏အမည်ကိုခေါ်ကာ ဆန်ပြုတ်နှင့် ဆေးယူခိုင်းခဲ့တာကြောင့် နှစ်ယောက်စလုံး၏ အမည်တွေကိုမှတ်မိနေသည်။
ဒီတော့ ငါ့နတ်ဘုရားလေးကို ကြောက်လန့်စေတဲ့တရားခံက မင်းပေါ့လေ။ အဟက် စောင့်ကြည့်ရသေးတာပေါ့။
BẠN ĐANG ĐỌC
မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]
Fanfiction*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Preview - ရှေးဟောင်းအမွေအနှစ်ပြတိုက် တခုမှာ ပန်းချီတွေကြည့်ရင်း ပန်းချီတချပ်ဆီက ကဗျာလေးကို ဖတ်မိရာမှ '...
![မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]](https://img.wattpad.com/cover/194631911-64-k458065.jpg)