(Zawgyi)
အခန်း ၉ - ဝိဉာဉ်တွေကလာခဲတယ်လေ
"ကျွန်တော်တော့ ဒီပရိတ်သတ်လေးတွေအနေနဲ့ သူတို့ပြင်ဆင်လာတဲ့မေးခွန်းလေးတွေ မေးချင်နေလောက်ပြီလို့ထင်တယ်ဗျ အောက်ကပရိတ်သတ်ကြီးလဲ ဘယ်လိုမေးခွန်းလေးတွေလဲဆိုတာသိချင်နေကြပြီမဟုတ်လား ဒါဆို... မြန်မြန်လေးစလိုက်ကြရအောင်ဗျာ ပထမဆုံးဒီဘက်ကစမယ်နော်"
တင်ဆက်သူက စင်အောက်မှပရိတ်သတ်များထံပြောရင်း သူ့ဆီသို့လက်ပြလာသည်မို့ ရိပေါ်ကမိုက်ကိုသေချာကိုင်ရင်း မေးခွန်းများကို မေးဖို့ပြင်လိုက်သည်။
"ပထမဆုံးမေးချင်တာက ရှောင်းကျန့်ရဲ့ ideal type ကဘယ်လိုမျိုးလဲ"
"အင်း ကျွန်တော့်ရဲ့ ideal type ဆိုရင်တော့ သေသပ်ပြီး နွေးထွေးမှုပေးနိုင်တဲ့သူမျိုးပေါ့"
ရှောင်းကျန့်၏အဖြေက ရိုးရှင်းသည်။ ထိမိသည်။ အဖြေထဲမှာပင် အထီးကျန်မှုတို့က သူကိုယ်တိုင်ပင်မသိသာလောက်အောင် ခပ်ပါးပါးလေးပါဝင်နေပြန်သည်။
"ဒုတိယမေးခွန်းက တစ်ကယ်လို့ မင်းကိုခြောက်လှန့်ချင်တဲ့ ဝိဥာဉ်တစ်ကောင်နဲ့ အကူအညီလိုနေတဲ့မိန်းမလှလေး နှစ်ခုထဲက တစ်ခုကိုရွေးရမယ်ဆိုရင် ဘာကိုရွေးမလဲ"
ဒုတိယမေးခွန်းကို ဆက်မေးလိုက်ရင်း ရိပေါ်၏စိတ်ထဲတွင်လည်း အမှန်တစ်ကယ်သိချင်နေမိသည်။ ထောင်ဟွား မင်းဘာကိုရွေးမှာလဲ။
"ဝိဥာဉ်"
ရှောင်းကျန့်က တုံ့ဆိုင်းမှုမရှိဘဲ ဖြေလိုက်ပြီးမှ ရယ်နေမာလေသည်။ ရိပေါ်လည်း ရှောင်းကျန့်၏ အဖြေကိုကြားတော့ အံ့သြသွားပြီးမှ ပြုံးကာဆက်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ဝိဥာဉ်တွေက စိတ်ဝင်စားဖို့ကောင်းတယ်လေ"
ရှောင်းကျန့်က မတုံ့ဆိုင်းဘဲ ဖြေလိုက်သည်မို့ ရိပေါ်ရယ်လိုက်မိတော့သည်။ ထို့အတူပရိတ်သတ်တွေကလည်းရယ်မောရင်း တစ်စုံတစ်ရာကို အော်ကြလေသည်။ သဲသဲကွဲကွဲမကြားရတာမို့ သေသေချာချာနားထောင်လိုက်သည်။
VOCÊ ESTÁ LENDO
မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]
Fanfic*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Preview - ရှေးဟောင်းအမွေအနှစ်ပြတိုက် တခုမှာ ပန်းချီတွေကြည့်ရင်း ပန်းချီတချပ်ဆီက ကဗျာလေးကို ဖတ်မိရာမှ '...
![မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]](https://img.wattpad.com/cover/194631911-64-k458065.jpg)