အခန်း ၆၅ - အသက်နှင့်လဲ၍ ကာကွယ်ပါ့မည်။

2.1K 249 6
                                        

လှပသောကြာပန်းတို့ပွင့်ဖူးနေသော ရေကန်ကြီးက ဆောင်းရာသီနှင့်အပြိုင် အေးခဲနေလေပြီ။ ကန်ဘောင်ပတ်လည်ရှိ သစ်ပင်တို့အပေါ်မှာလည်း အဖြူရောင်နှင်းဆုပ်၊ နှင်းခဲတို့က အပြိုင်အဆိုင်နေရာယူလျက်။

ကြာကန်အနီးရှိ မက်မွန်ပင်ကြီး၏အခြေမှာတော့ လူတစ်ယောက်က ပင်စည်ကိုမှီကာထိုင်နေသည်။ လက်စွဲတော်ဓားကလည်း သခင်၏အနီးတွင် လဲလျောင်းလျက်။ ၀တ်ရုံအဖျားများနှင့် ဆံနွယ်ရှည်တို့ကတော့ ဆောင်းလေအေ၀့ှတွင် ေ၀့၀ဲနေသည်။

"ပြန်တွေ့နေရပေမယ့်လည်း လွမ်းနေမိသေးတယ်ဆိုရင် ကျွန်တော်က သိပ်ကိုလောဘကြီးရာရောက်နေမလားပဲ"

ထိုသူက တိုးဖွစွာရေရွတ်ရင်း လက်ထဲမှ မက်မွန်ပွင့်ချပ်ငယ်ကို ခပ်ဖွဖွမွှေးကြူသည်။ တစ်ချိန်တည်းမှာပင် မျက်၀န်းထောင့်မှနေ၍ မျက်ရည်စီးကြောင်းတစ်ခုက ပါးပြင်ပေါ်ဖြတ်ကာ စီးဆင်းသည်။

အသက်နှင့်တောင်မှ အလဲအထပ်ပြုကာ သူ့အပေါ်မြတ်နိုးခဲ့သော ထိုသူ့ကိုသိပ်လွမ်းမိသည်။ အမြဲတစေ မြတ်နိုးရိပ်တို့ဖြင့် ပြည့်နှက်နေသောမျက်၀န်းတစ်စုံကိုလည်း တမ်းတမိသည်။

'ထောင်ဟွား'ဟု မြတ်နိုးစွာခေါ်တတ်သော ထိုသူ၏နှုတ်ခမ်းပါးနှင့် ရင်ခွင်နွေးနွေးကို လွမ်းဆွတ်မိသည်။

"ပြောတော့ ကျွန်တော့်ကို စောင့်မျှော်နေမှာဆို ခင်ဗျားကျွန်တော့်ကို ညာတယ်"

လက်ထဲမှ မက်မွန်ပွင့်ငယ်ကို တဖန်မွှေးကြူရင်း ခပ်တိုးတိုးရေရွတ်မိသည်။ အခုအချိန်လောက်ဆို ဧကရာဇ်ရဲ့ဒေါသကြောင့် ကျွန်တော်တို့ဥယျာဉ်လေး ဖျက်ဆီးခံလိုက်ရပြီလား။

မဟုတ်ဘူးဆိုရင်တော့ အဲဒီ့မှာ ပန်းတွေပွင့်လောက်ရောပေါ့နော်။ ကျွန်တော်ခင်ဗျားကို တစ်ကယ်လွမ်းလိုက်တာဗျာ...။

"ကိုယ်ရံတော်ကြီး.... ကိုယ်ရံတော်ကြီးရှောင်းကျန့်"

"ဟင်"

ကြာကန်ကိုငေးကြည့်နေရင်း လွင့်မျောနေသောအတွေးတို့ဟာ အနားကပ်ကာ ခေါ်လိုက်သံကြောင့် လွင့်စင်သွားရသည်။ ရှောင်းကျန့်လှည့်ကြည့်တော့ ရေတွေစိုရွှဲနေသော နန်းတွင်းအစေခံကောင်လေးက လက်ထဲမှကြာပန်းများကို မြှောက်ပြသည်။

မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]Nơi câu chuyện tồn tại. Hãy khám phá bây giờ