ဒီChapter မဖတ်ခင် Jackie Chan နဲ့ Kim Hee Seon အတူဆိုထားတဲ့ "Wujin De Ai" (Endless Love) လေးကိုအရင်နားထောင်ပေးပါ။ စာသားလေးတွေက ဒီchapterနဲ့အရမ်းလိုက်ဖက်နေလို့။ တိတိရဲ့ pov ပေါ့~~~~
**********
အခန်း ၄၁ - အရမ်းချစ်တယ်... သခင်လေး၀မ်
နေ့ရက်တွေတစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အမျှ Love Knot ရိုက်ကူးရေးသည်လည်း နောက်ဆုံးရက်သို့ ရောက်လာခဲ့လေပြီ။
ရိုက်ကူးရေးအတွက် ပြင်ဆင်ရင်းမှ သူ့ညီနှင့်ညီမအဖြစ် သရုပ်ဆောင်သူနှစ်ဦးနှင့် ရယ်ကာမောကာ စကားပြောနေသောရှောင်းကျန့်ကို ရိပေါ်ငေးကြည့်နေမိသည်။
နှစ်တွေဘယ်လိုပဲ ကုန်ဆုံးသွားပါစေ။ ဆောင်းရာသီတွေ ဘယ်လောက်ပဲအလီလီ ပြောင်းလဲသွားပါစေ။ နွေးထွေးနေဆဲ ရင်ခုန်သံတို့က ထောင်ဟွားအပေါ် မြတ်နိုးနေဆဲဖြစ်ကြောင်း သက်သေပြနေဆဲ။
သည်ဘ၀မှာတော့ မည်သည့်နည်းနှင့်မျှ လက်လွှတ်မခံနိုင်တော့။ ထောင်ဟွားက သူ၀န်ခံခဲ့သည့်အပေါ် အဖြေပြန်မပေးသေးသော်လည်း ငြင်းဆန်တာမျိုးမရှိသည်မို့ မျှော်လင့်ချက်တော့ ထားလို့ရသေးသည်မဟုတ်ပါလား။
ရုတ်တရက်ပင် ရိပေါ်ရဲ့အတွေးထဲတွင် တစ်ချိန်ကပုံရိပ်တို့ ထင်ဟပ်လာသည်။ နှစ်ဦးအတူတူ ပျော်ရွှင်ခဲ့ကြသည်ဆိုသော်လည်း အဆုံးသတ်မှာ နာကျင်ခဲ့ကြရသည်။ ချစ်မြတ်နိုးရသည့် သူ့ရဲ့ပန်းပွင့်ငယ်ကို သူ့လက်ဖြင့် ကိုယ်တိုင် -
သူ့အတွေးတို့ကို ရှေ့မဆက်နိုင်တော့ပါ။ ရင်တစ်ခုလုံး တစ်စစီဆုတ်ဖြဲခံရသလို နာကျင်စူးအောင့်လာတာကြောင့် အလိုအလျောက်ပင် သူ့လက်က၀ဲဘက်ရင်အုံကို ဆုပ်ကိုင်မိလျက်သား။
ဆက်မတွေးတော့သည့်တိုင် အလိုလိုပေါ်လာသည့်၊ သွေးတို့ဖြင့်စိုရွှဲနေသော်လည်း ပြုံးပြနေသည့် ချစ်ရသူ၏ပုံရိပ်ကြောင့် မျက်ရည်စတို့က မျက်၀န်းအိမ်မှ လျှံကျလာသည်။
"ရိပေါ်... နေမကောင်းဘူးထင်တယ်..."
"၀မ်ရိပေါ်.... ဘာဖြစ်တာလဲမသိဘူး..."
သူ့ဘေးနားမှ staff များမေးနေသည်ကို ကြားသော်လည်း ပြန်မဖြေနိုင်ဘဲ နာကျင်နေသောရင်ဘတ်ကိုသာ ဆွဲဆုပ်ထားရင်း မျက်ရည်တွေကျနေမိသည်။
BẠN ĐANG ĐỌC
မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]
Fanfiction*မက်မွန်ပွင့်တို့သက်သေတည်၍* တဲ့ 🌸 Title ကအတိုင်းပါပဲ မက်မွန်ပွင့်တွေကြားထဲက စချစ်ခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ သုံးဘဝအဆက်ဆက်ချစ်ခြင်းကိုဖတ်ရမှာပါ🌸 Preview - ရှေးဟောင်းအမွေအနှစ်ပြတိုက် တခုမှာ ပန်းချီတွေကြည့်ရင်း ပန်းချီတချပ်ဆီက ကဗျာလေးကို ဖတ်မိရာမှ '...
![မက်မွန်ပွင့်တို့သက်သေတည်၍ [Own Creation/Yizhan fanfiction]](https://img.wattpad.com/cover/194631911-64-k458065.jpg)