အခန်း ၁ အဆက်

15.9K 1.2K 2
                                    

(sorry guys, မနေ့က ဘာသာပြန်တာ ဒီအပိုင်း မျက်စိရှန်းပြီးကျန်သွားတယ်)

သူ့ဘေးက ကုတင်မှာက အဘိုးကြီးတစ်ယောက်ဖြစ်သည်။ ဒီအခန်းကျယ်ထဲမှာ သူတို့နှစ်ယောက်သူရှိသည်။ အဘိုးကြီးက နှလုံးဖောက်ပြီး မလှုပ်မရှားနိုင်ဘဲ အိပ်ယာပေါ်လဲနေတာ နှစ်ဝက်လောက်တောင် ရှိပြီဖြစ်သည်။ အသိစိတ် ရှိနေသေးတယ်လို့ ပြောပေမယ့် သူ့ပုံက သေလူနှင့် မခြားဖြစ်သည်။ အဘိုးအိုမှာ မိန်းမမရှိတော့ဘဲ သားတစ်ယောက်သာရှိသည်။ သူ့သားက အလုပ်များလို့ တစ်ပတ်ကို တစ်ခါ နှစ်ခါသာ လာနိုင်သည်။ ချန်ယင်းက အဘိုးအိုကို ၀ိုင်းပြီး ပြုစုပေးလေ့ရှိသည်။ ချန်ယင်းနှင့် သူနာပြုတို့ အဘိုးအိုကို ရေပတ်တိုက်ပေးနေတာကို ကြည့်ရင်း ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ချန်ယင်း သူ့ကို ပြုစုစောင့်ရှောက်ရင်း ဘယ်လောက်တောင် ပင်ပန်းလိုက်မလဲဆိုတာ စဉ်းစားကြည့်လို့ရသည်။ ဒီအမျိုးသမီး သူ့သားအတွက် ဘယ်လောက်တောင် ပင်ပန်း ဆင်းရဲ ခံခဲ့ရလဲ။ ဒါတောင်မှ သူသတိရလာတဲ့အချိန်မှာ သူမက အဲ့ဒီ့အကြောင်းတွေ တစ်ခွန်းမတောင်မဟ။ သူ့အမေသာ သက်ရှိထင်ရှားရှိနေသေးရင် သူ့အတွက်ဒီလိုပဲ စိတ်ပူပေးမှာလားလို့ သူစိတ်ကူးယဉ်မိသည်။

သူ့ရင်ထဲမှာ ချန်ယင်းကို သူ့အမေအဖြစ် တဖြည်းဖြည်း မြင်လာပြီဖြစ်သည်။ သူကံကောင်းတယ်လို့တောင် ထင်မိသည်။ အိပ်မက်ထဲမှာတောင် အမြဲအမေ တစ်ယောက်လိုချင်နေခဲ့တာ၊ အခုအပြင်မှာ သူတကယ့် အမေကို ရပြီလေ။ ဘုရားသခင်က သူ့အပေါ်အရမ်းကောင်းသည်။ ဒုတိယအကြိမ်ရှင်သန်ခွင့် ပေးရုံသာမက အမေတစ်ယောက်ကိုပါ ပေးသည်။

ချန်ယင်းရဲ့ ဂရုစိုက်တဲ့ အကြည့်တွေအောက်မှာပဲ သူထမင်းကို ပြီးအောင်စားလိုက်သည်။ ချန်ုယင်းက ပြုံးရင်း သူ့ကို ယပ်ခပ်ပေးနေသည်။ သူမရဲ့မျက်လုံးတွေထဲမှာ ချစ်မေတ္တာတွေအပြည့်။ ကျိုရှီအန်း သူမကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေသည်။ သူမက ရုတ်တရက်ပြောသည်။ "သား၊ TV ကြည့်မလား။"

"ဟုတ်ကဲ့။"

ချန်ယင်းက TV ကိုဖွင့်လိုက်သော်လည်း သူတို့ရဲ့ စိတ်တွေက TV ပေါ်မှာမရှိ။ "အမေ၊ ကျွန်တော် ဘယ်တော့လောက် ဆေးရုံက ဆင်းလို့ရမလဲ။" ချန်ယင်းက မချမ်းသာတာကို သူမြင်နိုင်သည်။ သူလုံးဝ နေကောင်းနေပြီဖြစ်သောကြောင့် ဆေးရုံမှာ ဆက်နေစရာမလိုတော့။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now