နောက်ဆုံးခန်းကို ရိုက်ပြီးတော့ အကုန်လုံးက ပင်ပန်းပြီး စိတ်လှုပ်ရှားနေကြသည်။
တစ်ယောက်က ရုပ်ရှင်အောင်မြင်ပါစေဆိုတဲ့ banner ကို ထောင်သည်။
ဝမ်ယုတုန်ကို ရိုက်ကွင်းပေါ်က သတင်းထောက်တွေက တစ်လှည့်ပြီး တစ်လှည့် အင်တာဗျူးသည်။ ပြီးတော့ banner နဲ့ ရိုက်ကွင်းဝန်ထမ်းတွေနဲ့ ဓါတ်ပုံနည်းနည်းရိုက်ပြီးတော့ ယန်မင်ရှုကိုခေါ်ပြီး ထွက်သွားသည်။
ညနေဘက်မှာ ရိုက်ကွင်းဝန်ထမ်းတွေက ဇာတ်ကားရိုက်ပြီးတဲ့ အထိန်းအမှတ် စားပွဲသောက်ပွဲလုပ်ဖို့ ဟော်တယ်မှာ ကြိုပြီး booking လုပ်ထားသည်။ ၀မ်ယုတုန်က အဲ့ဒီ့ပွဲကိုမလိုက်ပေမယ့် သူလုပ်ပေးသင့်တာမှန်သမျှ အားလုံးကို လုပ်ပေးသွားသည်။
ကျိုရှီအန်း အစကတော့ ဒီနေ့ပွဲကို အရမ်းစိတ်ဝင်စားခဲ့တာ၊ ဒါပေမယ့် ယန်မင်ရှု ထွက်သွားပြီးတော့ အရမ်းစိတ်ရှုပ်နေသည်။ နောက်ဆုံး လန်ရှီရောင်က သူနဲ့တူတူ ညစာစားပွဲကို လိုက်လာသည်။
သူတို့ မိုးချုပ်တဲ့အထိ သောက်ကြစားကြသည်။ တော်တော်များများက မူးနေပြီးတော့ ထင်တိုင်းကြဲနေကြသည်။ သူတို့ ခုနစ်လ ရှစ်လလောက် ပင်ပင်ပန်းပန်းလုပ်ခဲ့ရပြီး ကြားထဲမှာ အခက်အခဲပေါင်းစုံကိုလည်း ကြုံခဲ့ရသည်၊ အထူးသဖြင့် ဒါရိုက်တာနဲ့ ဇာတ်လိုက်မင်းသားကြားက ဆက်ဆံရေးပြဿနာ။ ရိုက်ကွင်းပေါ်က စစ်သည်တော်တွေဖြစ်တဲ့ သူတို့တွေအကုန်လုံး ကြိုးကြိုးစားစားလုပ်ခဲ့ကြသည်။ အခု အားလုံးပြီးသွားပြီ။ အကုန်လုံး စိတ်လှုပ်ရှားနေကြပြီး သောက်နိုင်သမျှ သောက်နေကြသည်။
ကျိုရှီအန်းကတော့ ပြောင်းပြန်ဖြစ်သည်။ ပုံမှန်ဆို အရမ်းသောက်နိုင်တဲ့သူက နည်းနည်းလေးတောင် မသောက်။ သူနဲ့ လန်ရှီရောင် ဘေးချင်းကပ်ထိုင်ပြီးတော့ အရင်တုန်းက အကြောင်းတွေကို ပြောကြသည်။ ကျိုရှီအန်း စိတ်မပါပေမယ့် လူတွေအများကြီးရှိနေတော့ သူထွက်သွားလို့ မကောင်း။
လန်ရှီရောင် နောက်ဆုံး မနေနိုင်ဘဲ မေးသည်။ "အကိုရှီအန်း၊ အကို့ရည်းစားနဲ့ ၀မ်ယုတုန် ဘယ်လိုပတ်သတ်လဲ။ စောစောက သူတို့ အတူတူ ထွက်သွားတယ်။"
YOU ARE READING
လူစားထိုး သရုပ်ဆောင် (translation, zawgyi)
Romance(Unicode နဲ့ version လည်းရှိပါတယ်။ Profile က Works မှာ ဝင်ရှာကြည့်လို့ရပါတယ်။) ကျိုရှီအန်း ဒုတိယအကြိမ် ရှင်သန်ခွင့်ရခြင်းဟာ ဘုရားသခင်က သူ့ကိုပိုချစ်လို့ပဲလား၊ သူ့ကို နှိပ်စက်လို့မ၀သေးလို့ဘဲလား မသိ။ အရင်ဘ၀တုန်းက သူက big star ၀မ်ယုတုန်ရဲ့ လူစားထိုး စတ...