ကုမ္ပဏီနှစ်ပတ်လည်အစည်းအဝေးက ခရစ်စမတ်မတိုင်ခင် တစ်ပတ်အလိုမှာ ကျင်းပသည်။ အဲဒီ့နေ့မှာ ကုမ္ပဏီက ၀န်ထမ်းတွေအပြင် မီဒီယာက လူတွေတော်တော်များများလည်း လာသည်။ အဲဒီ့နေ့အထိ ကျိုရှီအန်း နောက်ကွယ်ကနေ စီစဉ်စရာရှိတာတွေကို စီစဉ်ရင်း အလုပ်များနေသည်။
ခန်းမထဲမှာ ရှိနေရမယ့် လန်ရှီရောင်က ဘယ်လိုသိသွားလဲမသိ၊ သူ့ကို ဟော်တယ် အနောက်တံခါးကနေ ၀င်လာပြီး လာရှာသည်။
ကျိုရှီအန်းက စီးကရက် သောက်နေသည်။ သူ လန်ရှီရောင်ကိုမြင်တော့ အံ့သြသွားသည်။ "မင်းဒီမှာ ဘာလုပ်နေတာလဲ။"
လန်ရှီရောင် ရီသည်။ "ကျွန်တော် အကို့ကို တစ်ညလုံးလိုက်ရှာနေတာ၊ ဒီမှာပုန်းနေမယ်လို့ မထင်ထားဘူး။"
"ငါ မင်းကို ဒီမှာ ပုန်းနေတာမဟုတ်ဘူး၊ အလုပ်လုပ်နေတာ။ မင်းပြန်မှ ရမယ်ထင်တယ်၊ တော်ကြာ မင်းကို လိုက်ရှာနေကြဦးမယ်။"
"ကျွန်တော် အပြင်ထွက်လာပြီး လေကောင်းလေသန့် လာရှူတာ။" လန်ရှီရောင် သူ့ကို ကြင်နာစွာကြည့်သည်။ "အကိုရှီအန်း၊ ပင်ပန်းသွားပြီ။"
"ရပါတယ်ကွာ။ ကိုယ်က အလကားလုပ်နေတာမှ မဟုတ်တာ။" ကျိုရှီအန်း စီးကရက်မီးခိုး မှုတ်ထုပ်လိုက်သည်။
"ကျွန်တော်တို့ တစ်ကားထဲမှာ အတူတူသရုပ်ဆောင်ခွင့်ရလိမ့်မယ်လို့ ကျွန်တော်မထင်ထားဘူး။ အကို့ပြိုင်ဘက်အနေနဲ့ သရုပ်ဆောင်ဖို့ တကယ်မျှော်နေတာ။" လန်ရှီရောင် မျှော်လင့်ချက်တွေနဲ့ ပြောသည်။
ကျိုရှီအန်း အံ့သြသွားသည်။ "ကိုယ်တို့က ပြိုင်ဘက် သရုပ်ဆောင်ရမှာလား။"
"ဟုတ်တယ်။ အကို ဇာတ်ညွှန်းမဖတ်ရသေးဘူးလား။"
"သြော် မင်းက ၀မ်ယုတုန်ရဲ့ ညီနေရာက ပါမှာမှတ်လား။ ကိုယ်တို့ အတူတူရိုက်ရတဲ့ အခန်းရှိမှာပေါ့။"
"မဟုတ်ဘူး။ သူ့လူစားထိုးအနေနဲ့ မဟုတ်ဘူး။ အကို သရုပ်ဆောင်မယ့်ဇာတ်ကောင်နဲ့ ကျွန်တော့် ဇာတ်ကောင်နဲ့ အတူတူ သရုပ်ဆောင်ရမှာ။"
ကျိုရှီအန်း ရီသည်။ "ကိုယ်မသိဘူး။ ကိုယ့်နေရာက သိပ်အရေးပါတဲ့ ဇာတ်ကောင်မဟုတ်ဘူးဆိုတော့ ဒါရိုက်တာဝမ်က ကိုယ့်ကို ဇာတ်ညွှန်းပေးမဖတ်ဘူး။"
YOU ARE READING
လူစားထိုး သရုပ်ဆောင် (translation, zawgyi)
Romance(Unicode နဲ့ version လည်းရှိပါတယ်။ Profile က Works မှာ ဝင်ရှာကြည့်လို့ရပါတယ်။) ကျိုရှီအန်း ဒုတိယအကြိမ် ရှင်သန်ခွင့်ရခြင်းဟာ ဘုရားသခင်က သူ့ကိုပိုချစ်လို့ပဲလား၊ သူ့ကို နှိပ်စက်လို့မ၀သေးလို့ဘဲလား မသိ။ အရင်ဘ၀တုန်းက သူက big star ၀မ်ယုတုန်ရဲ့ လူစားထိုး စတ...