အခန်း ၄၅ - အမွှာအကြောင်း သူဘယ်လိုသိလဲ

6.3K 1.1K 42
                                    

ယန်မင်ရှု သွားတွေကျွတ်ကျလာတော့မတတ် အံကြိတ်ပြီးပြောသည်၊ "မင်းနာမည်က ကျိုရှီအန်းလား။"

ကျိုရှီအန်းဆိုတဲ့ နာမည်က ပုံမှန်တွေ့နေကျ နာမည်ဖြစ်သည်၊ ထူးခြားတာ ဘာမှမရှိ၊ ဒါပေမယ့် သူ့ရှေ့ကလူက သူ့ကို ထူးခြားတဲ့ ခံစားချက်တစ်ခုကို ပေးနိုင်သည်။ သူစိမ်းတစ်ယောက်ကို ဘာလို့ ဒီလောက် အာရုံစိုက်နေမိတာလဲဆိုတာ သူ့ကိုယ်သူလဲ နားမလည်နိုင်။ ပြီးတော့ ဒီလူ့နာမည်က "ကျိုရှီအန်း"တဲ့၊ ကျိုရှီအန်း လို့ပဲ ခေါ်တယ်တဲ့လား။

ကျိုရှီအန်းဆိုတဲ့ စကားလုံးက သူ့ရင်ကို ချက်ချင်း နာကျင်မှုတွေနဲ့ တိုက်စားသွားအောင် လုပ်နိုင်တဲ့ ကျိန်စာတစ်ခုလို ဖြစ်သည်။ ဘာကြောင့်လဲ၊ ဘာလို့ ဒီလူကလည်း ကျိုရှီအန်းလို့ ခေါ်တာလဲ၊ ဘုရားက သူ့ကို ကျီဆယ်နေတာလား။

ကျိုရှီအန်း ယန်မင်ရှုကို ဖြတ်ပြီး ရိုက်ကွင်းဆီ မြန်မြန်ပြေးသွားသည်။ နောက်လှည့်မကြည့်ဘဲ အရမ်းမြန်မြန်ပြေးသွားသည်။ သူ့ရဲ့ ထိတ်လန့်ကြောက်ရွံ့မှုတွေကို သူ့ကို စိတ်မအေးနိုင်အောင်လုပ်နေတဲ့ လူနဲ့အတူ သူ့အနောက်မှာ လွှင့်ပစ်ထားခဲ့ဖို့ ကြိုးစားသည်။

ယန်မင်ရှု နေရာမှာပဲ မိနစ်ပေါင်းများစွာ မတ်တပ်ရပ်နေသည်။

သူ့လက်ထောက်က သူ့ကို စိတ်ပူပူနဲ့ကြည့်ရင်း နားမလည်နိုင်အောင် ဖြစ်နေသည်။

ယန်မင်ရှု သူ့ကို ပြောသည်၊ "သူ့အကြောင်း သွားစုံစမ်း၊ အသေးစိတ်သိရလေ ကောင်းလေပဲ။"

ကျိုရှီအန်းရဲ့ အခန်းက တော်တော်ရိုးရိုးလေးဖြစ်သည်။ ဇာတ်လိုက် သူ့အချစ်တွေကို ဖော်ပြတဲ့နေရာမှာ ကူညီတဲ့ အတန်းဖော်တစ်ယောက် နေရာက သရုပ်ဆောင်ရသည်။ ဇာတ်လိုက်က အချစ်ကို ဖော်ပြဖို့ အခက်တွေ့နေတဲ့ အချိန်မှာ သူက ဘေးကနေ အကြံရအောင် စကား တစ်ခွန်း နှစ်ခွန်း ပြောပေးစရာပဲ လိုသည်၊ ပြီးရင် သူ အေးအေးဆေးဆေး နေရုံပဲ။

ဒီလောက်ရိုးရှင်းတဲ့ အခန်းကိုတောင် သူ အကြိမ်ပေါင်းများစွာ NG သည်။ (NG – No Good/ passမဖြစ်ဘူး)

လူတိုင်း တစ်ကြိမ် နှစ်ကြိမ်လောက်နဲ့ ပြီးအောင် လုပ်နိုင်တဲ့အလုပ်ကို သူက အကြိမ်ပေါင်းများစွာပြန်လုပ်ရတာကြောင့် တခြားလူတွေ မကျေမနပ်ဖြစ်ကြသည်။ သူ့နေရာက ချက်ချင်းလူလဲလိုက်လို့ရတဲ့ ဇာတ်ပို့နေရာဖြစ်နေပေမယ့် ရိုက်ကွင်းပေါ်မှာ လူတိုင်းရဲ့ အချိန်ကို ဖြုန်းတီးနေသည်။ ယန်မင်ရှုကို မြင်လိုက်ရလို့ ဖြစ်လာတဲ့ စိတ်ခြောက်ခြားမှုကို ဖြေဖျောက်ပြီး စိတ်တည်ငြိမ်အောင် လုပ်ချင်ပေမယ့် သူ ကြိုးစားလေ ပိုဆိုးလေ ဖြစ်နေသည်။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now