အခန်း ၁၆ - ယန်မင်ရှုကို သူနဲ့အတူနေဖို့ ဖိတ်ခေါ်ခြင်း

5.8K 964 40
                                    

ကျိုရှီအန်းအလုပ်က ညဆယ့်တစ်နာရီမှ ပြီးသည်။ ယန်မင်ရှုက စိတ်ရှည်တတ်တဲ့လူမဟုတ်။ ဒါပေမယ့် သူ ထောင့်လေးမှာ နားကြပ်တပ်၊ မျက်လုံးမှိတ်ပြီး တိတ်တိတ်ဆိတ်ဆိတ် ထိုင်စောင့်နေသည်။

သူဘာတွေတွေးနေလဲ ဘယ်သူမှ မသိကြပေမယ့် ရိုက်ကွင်းပေါ်က လူတိုင်းကတော့ ချောတယ်ဆိုတာထက်ပိုတဲ့ သူ့ရဲ့ရုပ်ရည်ကိုကြည့်ပြီး အကြီးအကျယ်အံ့အားသင့်နေကြသည်။

ကျိုရှီအန်း တစ်ချက်တစ်ချက်လှည့်ကြည့်လိုက်ရင် ယန်မင်ရှု ငြိမ်ငြိမ်လေးထိုင်နေရင်း သူ့ကို လှမ်းလှမ်းကြည့်နေတာကို မြင်နိုင်သည်။

ယန်မင်ရှု သူ့ကိုစောင့်နေတာကိုမြင်တော့ သူ့နှလုံးသားထဲမှာ အမည်မသိခံစားချက်တစ်ခုနဲ့ ပြည့်နှက်သွားသည်။

သူနဲ့အတူတူ အိမ်ပြန်ချင်တာ တစ်ခုထဲနဲ့ နေ့လည်ကနေ ညနက်တဲ့အထိ ရှစ်နာရီ ကိုးနာရီလောက် ထိုင်စောင့်ပေးတဲ့ လူတစ်ယောက်ကိုမြင်ရတာ၊ ယန်မင်ရှုဘာတွေတွေးနေတာလဲ မသိပေမယ့် သူ့ဘက်ကတော့ အရမ်းစိတ်လှုပ်ရှားမိသည်။

သူနဲ့အတူတူ အိမ်ပြန်ဖို့အတွက်နဲ့ ဘယ်သူမှ အဲ့လောက်အကြာကြီး မစောင့်ပေးခဲ့ဖူး။ ကျိုရှီအန်း သူခံစားနေရတဲ့ စိတ်လှုပ်ရှား ပျော်ရွှင်နေမှုကို ဘယ်လိုနာမည်တပ်ရမလဲတောင် မသိ။ ယန်မင်ရှုက အရမ်းစိတ်ဝင်စားစရာ ကောင်းတဲ့လူတစ်ယောက်ဖြစ်သည်။ တစ်ခါတစ်လေ အရမ်းအေးစက်ပြီး တစ်ခါတစ်လေကျရင် သူ့ကို heartထိစေတဲ့ အပြုအမူမျိုးကို မမျှော်လင့်ဘဲ လုပ်တတ်သည်။ အဲ့လို ဆန့်ကျင်ဘက်နှစ်ခုပေါင်းစပ်ထားတဲ့ ခန့်မှန်းရခက်တဲ့လူ ဖြစ်တာမို့ ကျိုရှီအန်း သူ့ဆီကနေ မျက်နှာမလွှဲနိုင်အောင် ဖြစ်ရသည်။

အလုပ်ပြီးတော့ မျက်လုံးမှိတ်ပြီး ထိုင်နေတဲ့ ယန်မင်ရှုအနားကို လျှောက်သွားပြီး သူ့နှာခေါင်းကို ထိလိုက်သည်။

ယန်မင်ရှု မျက်လုံးဖွင့်ကြည့်သည်။ "ခင်ဗျားအလုပ် ပြီးပြီလား။"

ကျိုရှီအန်း နူးနူးညံ့ညံ့ ပြုံးလိုက်သည်။ "အင်း၊ မင်းအကြာကြီးစောင့်လိုက်ရတယ်။ အရင်ပြန်လိုက်တာ မဟုတ်ဘူး။"

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now