အခန်း ၂၁ - ကျဉ်းထဲကြပ်ထဲရောက်ခြင်း

5.5K 909 5
                                    

လန်ရှီရောင် မျက်လုံးတွေ နည်းနည်းနီနေသည်။ သူ့အသက်က နှစ်ဆယ်ကျော်သာရှိသေးသည်။ အချစ်ဆိုတာကို တစ်ခါမှ မကြုံဘူးသေး။ သူကိုယ်တိုင်တောင် ယောက်ျားလေးကိုကြိုက်လား မိန်းကလေးကိုကြိုက်လား သူ့ဘာသူမသိသေး။ သူသိတာတစ်ခုက အကိုရှီအန်းကို တခြားလူဆီကို မပေးလိုက်နိုင်ဘူးဆိုတာ ဖြစ်သည်။

သူနာမည်မကြီးခင်အချိန်တုန်းက ကျိုရှီအန်းက သူ့အပေါ် အရမ်းကောင်းခဲ့သည်။ သူနာမည်ကြီးလာတော့ လူတွေအများကြီး သူ့ကို ချဉ်းကပ်ကြပေမယ့် သူတို့တွေက စိတ်ရင်းအမှန်နဲ့မဟုတ်။

ကျိုရှီအန်း မျက်တောင်ခတ်ပြီးတော့ မြန်မြန်စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။ "ရှီရောင်၊ မင်းဘာပြောနေတာလဲဆိုတာ မင်းကိုယ်တိုင်ကော သိရဲ့လား။"

"ကျွန်တော်သိတယ်။"

"ကိုယ့်ကို အရင်လွှတ်။" ကျိုရှီအန်း သူ့ကို နည်းနည်းတွန်းလိုက်သည်။ လန်ရှီရောင်က မရွှေ့ဘဲ သူ့ကိုခေါင်းမာမာနဲ့ ကြည့်နေသည်။ ကျိုရှီအန်း ထပ်ပြောသည်။ "မင်း ကိုယ့်ကို လွှတ်။ တစ်ယောက်ယောက်သာ တွေ့သွားရင် ကိုယ်တို့ကို ဘယ်လိုထင်သွားမလဲ။ ဘယ်လိုကောလဟာလတွေ ထွက်လာမလဲ မသိဘူး။" ကျိုရှီအန်း သူ့ကို ဖြည်းဖြည်းချင်း အားနဲ့တွန်းလိုက်သည်။

လန်ရှီရောင် သူ့မျက်လုံးကို ခဏမှိတ်ပြီး စိတ်တည်ငြိမ်အောင် လုပ်သည်။ "ကျွန်တော် အတည်ပြောတာ။ အကိုရှီအန်း ကျွန်တော် တခြားလူတွေကို မယုံဘူး။ သူတို့အကုန်လုံးက တစ်ခုခုလိုချင်တာရှိလို့ ကျွန်တော့်ကို ချဉ်းကပ်ကြတာချည်းပဲ။ အကိုတစ်ယောက်ပဲ ကျွန်တော့်အပေါ် တကယ်ကောင်းတာ။"

ကျိုရှီအန်း ခါးသက်သက်ပြုံးသည်။ "ကိုယ်လည်း တခြားစိတ်ရှိခဲ့တယ်မှတ်လား။ အဲ့ဒီတုန်းက ကိုယ်မင်းကို စိတ်ဝင်စားခဲ့တယ်လေ။"

လန်ရှီရောင်က ဆူပုတ်ပုတ်မျက်နှာနဲ့ သူ့ကိုကြည့်သည်။ "အနည်းဆုံးတော့ ကျွန်တော့်မှာ ဘာမှမရှိခင်တုန်းက အကိုပဲ ဘာကိုမှ မမျှော်လင့်ဘဲ ကူညီပေးခဲ့တာ။ အကို ကျွန်တော့်ကို အရင်တုန်းက ကြိုက်ဖူးတာ ကျွန်တော်သိတယ်။ အခု ကျွန်တော့်အပေါ် ဘာခံစားချက်မှ မရှိတော့ဘူးလား။"

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ