အခန်း ၆၁ - အိမ်အသစ်ရှာခြင်း

7.4K 1.1K 135
                                    

နောက်နေ့မနက် ဂျန်းယွမ် သူ့ကို ဖုန်းခေါ်ပြီး အိမ်လိုက်ပြပေးမယ်လို့ ပြောသည်။ သူ့အသံမှာ ဘာလေသံမှမပါ၊ ရိုးရိုးပဲဖြစ်သည်။ ဒီလိုတွေဖြစ်လာတာကို လုံးဝ မအံ့သြတဲ့ ပုံစံမျိုး။

ဒီလောကထဲမှာ စဉ်းစားလို့တောင် မရနိုင်တဲ့ ကိစ္စပေါင်းစုံ နေ့တိုင်း အတောမသတ်နိုင် ဖြစ်နေကျဖြစ်သည်။ ဂျန်းယွမ်လိုလူမျိုး မပြောနဲ့ ကျိုရှီအန်းတောင်မှ ဒါမျိုးတွေကို ရိုးနေပြီ။ ဂျန်းယွမ် ဘာမှထူးခြားတဲ့ ပုံမပြတဲ့အပြင် အမူအယာလည်း နည်းနည်းလေးတောင် မပြောင်း၊ ကားထဲမှာ ဂျန်းယွမ်နဲ့ စကားပြောတာတောင် အရင်လိုပဲ ဖြစ်သည်။

ဂျန်းယွမ်စိတ်ထဲမှာတော့ ခပ်တိုးတိုးပြောမိတာ နည်းနည်းရှိသည်။ သူ့အမြင်မှာ ကျိုရှီအန်းက လူသစ်နဲ့မတူ။ ရှက်တာ ရွံ့တာလဲ ဘာမှမရှိ။ ဒီလူက ခြောက်လား စိုလားတောင် သူ မခန့်မှန်းနိုင်။ ဒါပေမယ့် ဒီဟာ သူ့ကိစ္စမဟုတ်၊ သူ့အလုပ်သူလုပ်ပြီး လတိုင်း ပိုက်ဆံရနေဖို့သာလိုသည်။

ထင်ထားတဲ့အတိုင်းပဲ၊ ယန်မင်ရှု ဒီအိမ်ကို သူကိုယ်တိုင်နေဖို့လား သူများကိုပေးဖို့လုပ်ထားတာလား မသိပေမယ့် အိမ်က တကယ့် အကောင်းစားဖြစ်သည်။ မြို့လည်ခေါင်က ဒီလိုမျိုး တစ်လွှာလုံး တစ်ခန်းလုပ်ထားတဲ့ အိမ်ခန်းမျိုးရဲ့ ပေါက်ဈေးက ယွမ် ၅သန်းအောက် လျော့မှာမဟုတ်။ သူ ဒီလောက် ရက်ရောလိမ့်မယ်လို့ ကျိုရှီအန်း မထင်ထား၊ ဒါမှမဟုတ် ဒီအိမ်က ယန်မင်ရှုရဲ့မျက်လုံးထဲမှာ ဘာမှမဟုတ်တာလည်း ဖြစ်နိုင်သည်။

တိုက်ခန်းထဲမှာ လူနေဖို့ လိုအပ်တဲ့ပစ္စည်းအားလုံး ဖြည့်ပြီးသားဖြစ်သည်၊ တက်နေရုံပဲဖြစ်သည်။

ဂျန်းယွင် ရှင်းပြသည်၊ "ဒီတိုက်ခန်းက ယန်မင်ရှု သူ့အကိုကြီးနေဖို့ ပြင်ပေးထားတာ၊ အဲ့ဒါကြောင့် အကုန်လုံး အဆင်သင့်ပဲ။ ယန်မင်ရှု အကိုက မကြာခင် ဘေဂျင်းကို ပြောင်းလာမယ်ဆိုလို့ မင်ရှုက သူ့အလုပ်နဲ့ နီးတဲ့နေရာကို ရွေးပြီး အိမ်ဝယ်ထားတာ။ ဒါပေမယ့် အခု မင်း သုံးဖို့ ဖြစ်သွားပြီ၊ မင်ရှုက မင်းအပေါ် တကယ်ကောင်းတယ်။"

ကျိုရှီအန်း ဘာမှမပြော၊ ဂရုလည်း မစိုက်။ "အကိုဂျန်း ကျွန်တော်က သော့လိုက်ယူတာ၊ ဒီနေရာကို ကျွန်တော်သိတယ်။ ကျေးဇူးပဲ အကို။"

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now