အခန်း ၅၅ - မူးနေတဲ့ ယန်မင်ရှုဆီက အနမ်း

6.2K 1.1K 85
                                    


ပထမတော့ ကျိုရှီအန်း သူ့ကို မူးအောင်တိုက်နေတယ်ဆိုတာ ယန်မင်ရှု မရိပ်မိ။ ပြောရရင် သူ့ကို တစ်ယောက်ယောက်က ဒီလို လုပ်ရဲလိမ့်မယ်လို့ သူ လုံးဝ မထင်ထား။


သူ သတိထားမိတဲ့အချိန်မှာ ၀ိုင် သုံးခွက်လောက်သောက်လို့ ရီဝေေ၀ဖြစ်နေပြီ။ သူ အရက်သိပ်မသောက်နိုင်၊ ပုံမှန်ဆို သောက်လေ့လည်း မရှိ။


"မင်း ဘာလုပ်ချင်နေတာလဲ။ ငါ့ကို မူးအောင် လုပ်နေတာလား။"


ကျိုရှီအန်း ပြုံးပြီး ပြောသည်၊ "ဥက္ကဌယန် အရမ်း တည်တည်ကြီး မနေပါနဲ့။ အကုန်လုံး သောက်နေကြတာကို၊ ကျွန်တော်တို့နဲ့ အတူတူ ပျော်စမ်းပါ။ ဥက္ကဌက သောက်လဲမသောက်ချင်ဘူး၊ သီချင်းလည်း မဆိုချင်ဘူး။ ဒီမှာပဲ ထိုင်နေတာ ပျင်းစရာကြီး။ ကျွန်တော် ဥက္ကဌယန်ကို အဖော်လုပ်ပြီး သောက်ပေးမယ်။"


အဖွဲ့သားတစ်ယောက်က မူးမူးနဲ့ သီချင်းကို ၀ံပုလွေအူသလို အော်ဆိုနေသည်။ ယောက်ျားလေး အများစုက မူးနေပြီး ဆိုင်ကမိန်းကလေးတွေနားမှာ ကပ်နေကြသည်။ မမူးသေးတဲ့လူ သိပ်မရှိတော့။ ၀မ်ယုတုန် တစ်ယောက်ပဲ သူ့ယောက်ဖလေးရှိလို့ အိနြေ္ဒဆည်ပြီး ဘယ်မိန်းကလေးနားကိုမှ မကပ်ဘဲ ဒါရိုက်တာချောင်နဲ့ စကားပြောနေသည်။


ယန်မင်ရှု သူတို့ကို လုံးဝ စိတ်မ၀င်စား။ အဲ့ဒီအစား ကျိုရှီအန်း ဘာဆက်လုပ်မလဲ ဆိုတာကိုပဲ သူ မြင်ချင်နေသည်။ "ငါမူးသွားရင် ဘယ်လိုလုပ်မလဲ။ ငါမင်းကို ပြောထားမယ်၊ ငါက အရက် သိပ်မသောက်နိုင်ဘူး။ ငါ ဒီနေ့ မှောက်သွားပြီး နောက်နေ့ အိပ်ရာကနိုးရင် မင်းကို ပြဿနာ ရှာရင် ရှာမိမှာ။"


ကျိုရှီအန်း အပြုံးနဲ့ပဲပြန်ပြောသည်၊ "ဥက္ကဌယန် နောက်နေ့မနက် နိုးလာရင် အကုန်လုံးကို မေ့ရင် မေ့သွားမှာပေါ့။ ကျွန်တော့်လို လူမျိုးက ဥက္ကဌယန် မှတ်ထားဖို့ တန်တဲ့လူမှ မဟုတ်တာ။" ယန်မင်ရှု အရမ်းမူးနေလို့ပဲလား၊ သူကိုယ်တိုင်ကပဲ အရမ်းမူးနေလို့လားတော့ မသိ။ သူ ပိုတက်ကြွပြီး ပိုရဲတင်းလာသည်။ ပုံမှန်ထားနေကျ သတိတောင် တစ်ဝက်လောက် လျော့ကျသွားသည်။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now