အခန်း ၂၀ - မင်းကို ပိုးလို့ရမလား

5.8K 999 37
                                    

ယန်မင်ရှု သူနဲ့ စိတ်သဘောထားချင်း မတိုက်မဆိုင်ဖြစ်ပြီးတော့ ရက်ပေါင်းများစွာ အိမ်ကိုပြန်မလာ။

အစကတော့ ကျိုရှီအန်း အလုပ်ရှုပ်‌နေတော့ ဘာမှ သိပ်မခံစားရ။ ဒါပေမယ့် ရက်နည်းနည်းကြာလာတော့ သူ မနေတတ်မထိုင်တတ်ဖြစ်လာသည်။ လူတစ်ယောက်လျှော့နေတော့ သူ့အခန်းက လစ်ဟာနေတယ်လို့ ခံစားရသည်။ ယန်မင်ရှုအရိပ်တွေက နေရာတိုင်းမှာ။ သူသေချာပြန်စဉ်းစားမိချိန်မှာတော့ ယန်မင်ရှုကို သူအရမ်းလွမ်းနေတာကို သတိထားမိသွားသည်။

ကျိုရှီအန်းက စိတ်ရှည်တဲ့လူဆိုပေမယ့် သူလည်း သူ့အတိုင်းအတာနဲ့ သူရှိသည်။ ယန်မင်ရှုကလွဲပြီး တခြားဘယ်သူ့ကိုမှ သူဒီလောက် မလိုက်လျောဘူး။ သူ့ဘက်က ဘာမှ အမှားမလုပ်ခဲ့ဘူးဆိုတာ သိပေမယ့်လည်း ယန်မင်ရှုက သူ့ဖုန်းကိုလည်းမဖြေ၊ စာလည်းမပြန်တော့ သူ မနေနိုင်ဘဲဖြစ်လာသည်။

ညဘက်မှာ ကျိုရှီအန်း တစ်ယောက်ထဲထမင်းစားတော့ အစားအသောက်တွေက အရသာမရှိ ဖြစ်နေသည်။ သူ့တူကို ငုံ့ကြည့်ပြီးတော့ သူနဲ့မျက်နှာချင်းဆိုင်က လွတ်နေတဲ့ နေရာကို ကြည့်လိုက်မိသည်။ သူ စိုးရွံ့နေမိပေမယ့် ယန်မင်ရှုက သူ့နှလုံးသားထဲမှာ ဟိုးအရင်ထဲက နေရာဝင်ယူထားပြီးပြီ ဆိုတာကို ၀န်ခံရတော့မည်။

ယောက်ျားတစ်ယောက်က သူ့အရွယ်လောက်ရောက်ရင် တခြားတစ်ယောက်ကို ကြိုက်တယ်လို့ဝန်ခံဖို့ တော်တော်အားမွေးရသည်။ အထူးသဖြင့် သူ့ထက် ဆယ်နှစ်လောက်ငယ်တဲ့ကောင်လေးကို။ သူတို့နှစ်ယောက်သာ အတူတူဆက်နေဖြစ်ရင် ကျိုရှီအန်း သူတို့ရဲ့ အရင်ပတ်သတ်မှုနဲ့ပဲ သာသာယာယာနေသွားဖြစ်လိမ့်မည်။ ဒါပေမယ့် ယန်မင်ရှုက သူ့ဘ၀ထဲက ရုတ်တရက်ကြီး ဘာမှမပြောဘဲ ပျောက်သွားတော့ ကျိုရှီအန်း အရင်က တခါမှမခံစားဖူးတဲ့ ကပ်ဆိုက်သလိုအခြေအနေမျိုး ခံစားနေရသည်။

သူတို့နှစ်ယောက် အခြေအနေကောင်းနေခဲ့တော့ ယန်မင်ရှု တစ်နေ့မှာ သူ့ကိုထားသွားလိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားခဲ့ဘူး။

အခုကျမှ သူ မနေတတ်တော့ဘဲဖြစ်နေသည်။

သူ ဒီလိုဝေဒနာမျိုးကို မခံစားရတာ ဘယ်နနှစ်တောင်ရှိပြီလဲ၊ ဒီလို ရည်းစားကဂရုမစိုက်လို့ အထီးကျန်ရတဲ့ ခံစားချက်မျိုး။ ကျိုရှီအန်း အခုမှ အချစ်ကို စတွေ့ဖူးတဲ့ ကောင်လေးတစ်ယောက်လိုမျိုး ခံစားရသည်။ သူ သူ့ကိုယ်သူမထိန်းနိုင်ဘဲ ယန်မင်ရှုကို ချဉ်းကပ်မိသည်။ သူနဲ့အတူလာနေဖို့ ဖိတ်ခေါ်တိုက်တွန်းခဲ့သည်။ ယန်မင်ရှုကို စွဲလန်းခဲ့သည်။ ယန်မင်ရှုအတွက် အကုန်လိုက်လျောခဲ့သည်။ နောက်ဆုံးကျမှပဲ သူဒီလိုမျိုး ပုံမှန်မဟုတ်တာတွေ လုပ်ခဲ့တာက ယန်မင်ရှုကို သူတကယ်ချစ်မိနေလို့ဆိုတာကို သိသွားတော့သည်။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now