အခန်း ၃၄ - ကျိုရှီအန်းကို မလွှတ်ပေးချင်ဘူး

6.7K 1.1K 111
                                    

ထိုည ကျိုရှီအန်း ချိုင်ဝေ့အိမ်မှာ လိုက်အိပ်သည်။ တကယ်တော့ သူ ချိုင်ဝေ့အိမ်ကို မသွားချင်၊ ချိုင်ဝေ့မိန်းမက နောက်သုံးလလောက်ဆို မီးဖွားတော့မှာ။ သူတို့ကို အနှောက်အယှက်ပေးမိမှာ သူ စိုးရိမ်သည်။ ဒါပေမယ့် ချိုင်ဝေက အငြင်းမခံဘဲ သူ့ကို အိမ်ခေါ်သွားသည်။

အဲဒီ့နေ့မှာပဲ ဒါရိုက်တာဝမ်ကို ချိုင်ဝေ ဆက်သွယ်ပြီး ကျိုရှီအန်း သဘောထားကို ပြောပြလိုက်သည်။ ဒါရိုက်တာဝမ်က အရမ်းကျေနပ်နေပြီး ကျိုရှီအန်းကို စနေနေ့မှာ XX hotel မှာလုပ်မယ့် ဇာတ်ကားဖွင့်ပွဲကို လာတက်ဖို့ပြောသည်။ မင်းသား အပြောင်းအလဲကို ဖွင့်ပွဲနေ့မှာပဲ media ကို ကြော်ငြာမည်။

ဒါရိုက်တာဝမ်နဲ့စကားပြောပြီးတော့ ချိုင်ဝေ သူဌေးဝမ်ကို ထပ်ခေါ်ပြီး သူတို့နှစ်ယောက် စကားအကြာကြီးပြောကြသည်။ ဖုန်းချပြီးတော့ ချိုင်ဝေမျက်နှာ သိပ်မကောင်း။ သူဌေးဝမ်က သူ့ကို ခေါင်းဆောင်မင်းသားနေရာမှာ သရုပ်မဆောင်စေချင်မှန်း ကျိုရှီအန်း သိသည်။ သူက စီးပွားရေးသမားလေ၊ ဇာတ်ကားက ဘယ်လောက်အောင်မြင်ပြီး ငွေဘယ်လောက်ပြန်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး စိုးရိမ်သည်။ သူ အစထဲက ငြင်းချင်သည်၊ ဒါပေမယ့် ဒါရိုက်တာဝမ်နဲ့လည်း မျက်နှာမပျက်ချင်။ ကျိုရှီအန်း ငြင်းမှာပဲလို့ သူထင်ထားခဲ့ပေမယ့် ကျိုရှီအန်းက လက်ခံလိုက်သည်။ ဒီကိစ္စမှာ ဘယ်သူ့စနက်ပါလဲဆိုတာ သူဌေးဝမ် စဉ်းစားမိပြီလေ။

ချိုင်ဝေက သူငယ်ချင်းအပေါ်မှာ တကယ်သစ္စာရှိသောလူဖြစ်သည်။ သူ ကျိုရှီအန်းကို ဘာမှပြန်မပြော။ စနေနေ့မှာ အချိန်မှီရောက်ဖို့ကိုသာ အထပ်ထပ်ပြောသည်။

ကျိုရှီအန်း ထုပ်မပြောပေမယ့် အကုန်လုံးကို နားလည်သည်။ သူ ချိုင်ဝေ့ကို အရမ်းကျေးဇူးတင်သည်။

အဲဒီ့ည guest room ထဲမှာ အိပ်နေတုန်း ကျိုရှီအန်းဖုန်း မြည်လာသည်။ သူ ကောက်ကြည့်လိုက်တော့ ယန်မင်ရှု ခေါ်နေတာ။

ယန်မင်ရှု သူ့ကို ဖုန်းစခေါ်တယ်ဆိုတာ အရမ်းရှားသည်။ သူ အိမ်ကို တစ်ရက်နှစ်ရက်လောက် မပြန်လို့ သူ့ကို ဖုန်းခေါ်တာတော့ မဖြစ်နိုင်ပါဘူးလို့ သူထင်မိတာ မဆန်း။ ယန်မင်ရှုလည်း တစ်ခုခု ထူးဆန်းနေတာ ဖြစ်လိမ့်မည်။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now