အခန်း ၅ - လွန်ခဲ့သော သုံးနှစ်ကို နောက်ကြောင်းပြန်ခြင်း

7.5K 1K 8
                                    

(လွန်ခဲ့သော သုံးနှစ်က)

"အကိုရှီအန်း၊ အစားအသောက်ကို နည်းနည်း ဂရုစိုက်စားလို့မရဘူးလား။" မိတ်ကပ်ဆရာမချောလေး မီယူက ပေါင်ဒါဘူးကို ကိုင်ထားရင်းပြောသည်။

ကျိုရှီအန်းက ပါးစပ်ထဲကို ပေါင်မုန့်ပစ်ထည့်ရင်း ပြုံးကာ၊ "ငါ့ကို အပြစ်တင်တာလား။ ငါ့မျက်နှာပေါ်က မိတ်ကပ်ကိုကြည့်ပါဦး။ နည်းနည်းလေးလှုပ်တာနဲ့တောင် ကွာကျတော့မယ်။ အခုထိ နေ့လည်စာလည်း မစားရသေးဘူး။ ငါဗိုက်ဆာလွန်းလို့ မေ့လဲသွားရင် နင့်အပစ်ပဲ။"

"အကိုနဲ့ ၀မ်ယုတုန်ရဲ့ အသားအရောင်ချင်းကမှ မတူတာ။ မိတ်ကပ်အဲ့လောက်မှ မလိမ်းရင် ဘယ်လိုလုပ်မလဲ။" မီယူက သူ့ကို ကြည့်ရင်း ပြောသည်။ "အဲ့ဒါဆိုလည်း မြန်မြန်စား။ ငါးမိနစ်အချိန်ပေးမယ်။ ပြီးရင် မိတ်ကပ် ပြန်လိမ်းပေးမယ်။ အဲ့ဒါပြီးရင်တော့ ထပ်မပျက်စေနဲ့တော့။"

"အေးပါဟာ။ အစောကြီးရှိသေးတယ်၊ မင်းသားတောင်မလာသေးဘူး။ ဘာတွေကို လောနေတာလဲ။"

မီယူက သူ့ကို ရေခွက်ထဲ ရေထည့်ပေးသည်။ "ရေလည်းသောက်ဦး။ နင်နေဦးမယ်။"

"အိုး.. မီယူက အကို့ကို အရမ်းဂရုစိုက်တာပဲ။" ရှောင်လွီက ကျိုရှီအန်းရဲ့ ခါးပတ်ကို ဆွဲရင်းပြောသည်။ "လာထား၊ အကိုရှီအန်းရဲ့ခါးကို ပိုသေးအောင် လုပ်ရအောင်။"

ကျိုရှီအန်းက ရယ်ရင်း သူ့ကို လှမ်းဆူသည်။ "ဟေ့ကောင် လူဆိုးကောင်၊ အရမ်းမတင်းနဲ့ဟ။ မင်း ဒီ့ထက်ပိုဆွဲရင် ငါမင်းမျက်နှာပေါ် အန်ချမိတော့မယ်။"

ဝတ်စုံဝတ်ပြီးတော့ ကျိုရှီအန်း တစ်ပတ်လည့်ကြည့်သည်။ အရပ်ရှည်ပြီး ပုံကျတဲ့ ကိုယ်ပေါ်မှာ နက်ပြာရောင် ၀တ်စုံ ၀တ်ထားသည်။ သူ့အမူအယာက အလွန်ကြည့်ကောင်းသည်။ ရှေးခေတ် သူရဲကောင်းတစ်ယောက်လိုပင်။

"ဘယ်လိုနေလဲ ကြည့်ကောင်းလား။"

"ကြည့်ကောင်းတယ်။" ရှောင်လွီက ရီရင်းပြောသည်။ သူက ကျိုရှီအန်းရဲ့ နောက်ကျောကိုကြည့်ရင်း၊ "အကိုရှီအန်း၊ အကို့ကို အနောက်ကနေကြည့်ရင် ၀မ်ယုတုန်နဲ့ တစ်ပုံစံထဲပဲ။ အရှေ့ကနေသာ မကြည့်ရင် အကိုတို့နှစ်ယောက် ခွဲလို့တောင် ရမှာမဟုတ်ဘူး။ အကို့ဆံပင်အရောင်က နည်းနည်း ပိုနက်တာပဲရှိတယ်။"

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now