(ဒီအပိုင်းမှာ Mature content ပါဝင်ပါတယ်။ M မဖတ်ချင်တဲ့လူတွေ နောက်တစ်ပိုင်းကို ကျော်ဖတ်ပါနော်။)
ကျိုရှီအန်း နည်းနည်းသာစားပြီး တူကို ပြန်ချထားလိုက်သည်။ အစားအသောက်တွေက အရသာရှိပေမယ့် သူလုံးဝဆက်မစားနိုင်တော့။ အဲ့ဒါကြောင့် သူထိုင်ပြီး စကားတွေသာ ပြောနေသည်။ စကားပြောရင်းနဲ့ ယန်မင်ရှုအတွက် ဂဏန်းအသားနွှင်ပေးကာ အသားကို sauce ထဲနှစ်ပြီး ယန်မင်ရှုရဲ့ ပန်းကန်ပေါ်ကို တင်ပေးသည်။
အဲ့လို သိသိသာသာ အလိုလိုက်ပြနေတာကိုမြင်တော့ ယန်မင်ရှု ကျေနပ်မိသည်။ သူငယ်ငယ်လေးကတည်းက ဒီလိုပဲ ဂရုစိုက်ဆက်ဆံတာ ခံရနေကျဆိုတော့ သူ့အတွက် ထူးဆန်းတယ်လို့ မခံစားရဘဲ ကျိုရှီအန်းနွှင်ပေးတဲ့ အသားတွေကို အေးအေးဆေးဆေး စားနေသည်။
ကျိုရှီအန်း သူ့ကို အရမ်းသဘောကျတာကို သူသိသည်။ ကျိုရှီအန်းက သူ့အပေါ်အရမ်းဂရုစိုက်တဲ့ ရှားရှားပါးပါး လူတစ်ယောက်ဖြစ်သည်။ သူ့အပေါ် အရမ်းဂရုစိုက်ပေမယ့် သူ့ဘက်က မနေတတ်မထိုင်တတ်ဖြစ်ပြီး ထွက်သွားစေချင်တာမျိုးမရှိ။ ကျိုရှီအန်းရဲ့ ဂရုစိုက်မှုက လူတွေကို စိတ်ပင်ပန်းတာမျိုး မဖြစ်စေပဲ၊ သူ့ရဲ့ စိတ်ရင်း စစ်မှန်မှုနဲ့ နူးညံ့မှုတွေကိုသာ ခံစားရစေသောကြောင့်ဖြစ်သည်။
သူတို့နှစ်ယောက် စားသောက်လို့ပြီးတော့ ကျိုရှီအန်းက ပိုက်ဆံသွားရှင်းချင်သောကြောင့် toilet သွားမယ်လို့ အကြောင်းပြပြီး အပြင်ထွက်ဖို့လုပ်သည်။
ယန်မင်ရှုက ပြတင်းပေါက်ဖက်ကို လက်ညှိုးထိုးပြပြီး "အခန်းထဲမှာ toilet ရှိတယ်လေ။" လို့ပြောသည်။
"သြော်၊ ကိုယ် အပြင်ထွက်ရင်းနဲ့ ဆေးလိပ်သောက်မလို့။" သူတို့ စားသောက်ထားတာက ပိုက်ဆံတော်တော်ရှင်းရမှာ သေချာသည်။ ကျိုရှီအန်းတွေးတာက သူ့မှာက ၀င်ငွေရှိသေးသည်၊ ယန်မင်ရှုက အခုမှ ဘွဲ့ရခါစ အလုပ်လည်း ရှာရဦးမှာမဟုတ်လောက်သေးဘူးဆိုတော့ သူပဲပိုက်ဆံရှင်းဖို့ စဉ်းစားထားသည်။
ကျိုရှီအန်း toilet သွားပြီး ပြန်လာတော့ ငွေရှင်းကောင်တာကို သွားပြီး သူပိုက်ဆံရှင်းမယ်လို့ ပြောသည်။
YOU ARE READING
လူစားထိုး သရုပ်ဆောင် (translation, zawgyi)
Romance(Unicode နဲ့ version လည်းရှိပါတယ်။ Profile က Works မှာ ဝင်ရှာကြည့်လို့ရပါတယ်။) ကျိုရှီအန်း ဒုတိယအကြိမ် ရှင်သန်ခွင့်ရခြင်းဟာ ဘုရားသခင်က သူ့ကိုပိုချစ်လို့ပဲလား၊ သူ့ကို နှိပ်စက်လို့မ၀သေးလို့ဘဲလား မသိ။ အရင်ဘ၀တုန်းက သူက big star ၀မ်ယုတုန်ရဲ့ လူစားထိုး စတ...