အခန်း ၁၈ - လန်ရှီးရောင်ကို ကြိုဆိုပွဲ

5.6K 1K 46
                                    

သူတို့ကုမ္ပဏီသူဌေးက လန်ရှီးရောင်အတွက် ပွဲလုပ်ပေးဖို့ the Grand Hotel က Banquet Hall တစ်ခုငှားထားသည်။ တကယ်တော့ လန်ရှီးရောင် အရင်တုန်းက နှစ်ခါပြန်လာဖူးသည်၊ သူ့အခွေအတွက် ပြင်ဆင်ဖို့ ပြန်လာတာထင်သည်။ ရုပ်ရှင်က တစ်နှစ်ကျော်ကြာအောင်ရိုက်ရသည်။ ရုပ်ရှင်ပြီးသွားတဲ့အချိန်မှာတော့ နိုင်ငံအတွင်းမှာ သူ့ကျော်ကြားမှုက လုံးဝပြောင်းလဲသွားသည်။

ဒီနေ့မှာ သူတို့ကုမ္ပဏီက လူတိုင်းနီးပါး ရောက်လာကြသည်။ သူတို့ကုမ္ပဏီက အရမ်းမကြီးပေမယ့် လူ ၇၀၊ ၈၀ လောက်တော့ရှိသည်။ အကျိုးခံစားခွင့်ကလည်း ကောင်းသည်။ သူတို့သူဌေးက rich-second-generation တစ်ယောက်ရဲ့ သားဖြစ်သည်။ သူ့လက်အောက်မှာ လုပ်ငန်းတွေအများကြီး ရှိသည်။ သူက ထူးဆန်းတဲ့ စရိုက်ရှိသူဖြစ်ပေမယ့် လူကောင်းတစ်ယောက်ဖြစ်သည်။ သူ့ဝန်ထမ်းတွေအပေါ် ကြည့်ပေးသည်။ ကျိုရှီအန်းကော တခြားဝန်ထမ်းတွေပါ ဒီကုမ္ပဏီမှာ အဆင်ပြေကြသည်။

(*rich second generation ဆိုတာက China Reform Era အစပိုင်းနှစ်တွေကနေ ၁၉၇၀ နှောင်းပိုင်း နှစ်တွေအတွင်းမှာ ချမ်းသာလာတဲ့ သူဌေးတွေကို ပြောတာပါ။)

ကျိုရှီအန်း ဟိုတယ်ထဲကိုဝင်ဝင်ချင်း ဧည့်သည်တွေကို နှုတ်ဆက်နေတဲ့ ချိုင်ဝေ့ကို တွေ့သည်။ သူ အနားရောက်တော့ နှုတ်ဆက်လိုက်သည်။

ချိုင်ဝေ အလုပ်များနေတော့ သူနဲ့တောင် စကားကောင်းကောင်းပြောနိုင်။ "မင်းဘာသာမင်း တက်သွားလိုက်တော့။ ဒုတိယထပ်မှာ။"

အနုပညာလောကထဲက နာမည်ကြီးတွေအများကြီး ဒီနေ့လာကြသည်။ လူတစ်ယောက် နာမည်ကြီးလာပြီဆို ဒီလိုပဲဖြစ်သည်။ ဒီနေ့လာတဲ့လူ အနည်းဆုံး သုံးရာလောက်ရှိပြီး သတင်းသမားက ဆယ်ယောက်ကျော်ပါသည်။ သူတို့သူဌေးက လန်ရှီးရောင်ကို ပိုပြီးလူစိတ်ဝင်စားအောင် လုပ်ချင်ပုံရသည်။

ကျိုရှီအန်းက နာမည်မကြီးတဲ့ လူစားထိုးသရုပ်ဆောင်လေးပဲ ဖြစ်ပေမယ့် သူ့ပေါင်းသင်းဆက်ဆံရေးနယ်ပယ်က ကျယ်ပြန့်ပြီး လူအများကြီးနဲ့သိသည်။ ဒါ့အပြင် သူ့ပင်ကိုယ်စရိုက်က ကောင်းတာကြောင့် လူတိုင်းနဲ့ ရင်းနှီးသည်။ လမ်းတစ်လျှောက်လုံးမှာ သူ့အသိတွေအများကြီးနဲ့တွေ့ပြီး အကုန်လုံးကို မမောနိုင် မပန်းနိုင် နှုတ်ဆက်လာသည်။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now