အခန်း ၄ - ဓါတ်လှေကား၌ တွေ့ဆုံခြင်း

8K 1.1K 13
                                    

ကျိုရှီအန်း ကုမ္ပဏီကို အစောကြီး ရောက်သွားသည်။

ချိုင်ဝေက အခုအချိန်မှာ အခုအချိန်မှာ ကုမ္ပဏီရဲ့ ဒုဥက္ကဌ ဖြစ်နေပြီ ဖြစ်သည်။ သူဌေးရဲ့ ညာလက်ရုန်းဖြစ်သည်။ အစစ အရာရာ သူကြီးကြပ်ရသည်။ သူဌေးက ဘေဂျင်းမှာ တစ်နှစ်ပတ်လုံးရှိမနေနိုင်သဖြင့် ကုမ္ပဏီကိစ္စတွေအကုန်လုံးကို သူပဲ တာဝန်ယူရသည်။ ဒီနှစ်ပိုင်းအတွင်း အနုပညာလောကမှာ သူ့အနေအထားကော အဆက်အသွယ်ကောက လွန်ခဲ့တဲ့ နှစ်နှစ်ကအခြေအနေနဲ့ လုံးဝကွာခြားနေပြီဖြစ်သည်။ ဒါကြောင့် ကျိုရှီအန်းကို အလုပ်တစ်ခု စီစဉ်ပေးတာက သူ့အတွက် အေးဆေးဖြစ်သည်။

လွန်ခဲ့တဲ့နှစ်နှစ်က၊ မဟုတ်သေးဘူး ကျိုရှီအန်းအတွက်တော့ ပြီးခဲ့တဲ့လက၊ သူက ဒီကုမ္ပဏီ ရဲ့ ၀န်ထမ်းတစ်ဦးဖြစ်သည်။ အရင်တုန်းက ချိုင်ဝေ သူ့ကို ၀န်ဆောင်ခ အနည်းဆုံးပေးရသည့် အလုပ်နှင့် မိတ်ဆက်ပေးခဲ့သည်။ ချိုင်ဝေက သူ့အပေါ် အလွန်ကောင်းသည်။ အဲ့ဒီ ကုမ္ပဏီမှာ သူအကြာကြီး လုပ်ခဲ့သည်။ သူက လူတိုင်းနဲ့ အဆင်ပြေသည်။ ကုမ္ပဏီဝန်ထမ်းတွေနဲ့လည်း ဆက်ဆံရေးကောင်းသည်။ သူ ဒီကုမ္ပဏီကို အရမ်းသဘောကျသည်။ ဒီနေရာကနေ စပြီးအလုပ်လုပ်ရတာ ကောင်းသောစတင်ခြင်းဖြစ်သည်။

ရုံးအဆောက်အဦးထဲမှာ သူအရင်ကသိသော လုပ်ဖော်ကိုင်ဖက် များစွာကို တွေရသည်။ လှမ်းပြီး နှုတ်ဆက်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ဒီလူတွေရဲ့ အမြင်မှာတော့ သူက သူစိမ်းတစ်ယောက်သာ။

ချိုင်ဝေက ကျိုရှီအန်းကို သူ့ရုံးခန်းထဲ ခေါ်သွားသည်။ သူ့ကို ခဏထိုင်ခိုင်းထားပြီး ၀င်လာတဲ့ ဖုန်းတစ်ခုကို ဖြေနေသည်။ ဖုန်းဖြေပြီးတော့ သော့တွဲကို ကောက်ကိုင်ကာ သူ့ကိုလှမ်းပြောသည်။ "သွားရအောင်။ အကို မင်းကို studio ဆီခေါ်သွားပြီး ပြမယ်။ တို့သူဌေးက ဒီ studio အတွက် ယွမ်၁၀သန်းကျော် မြှုပ်နှံထားတယ်။ လောလောဆယ် ဘေဂျင်းမှာ အကြီးဆုံး studio ပဲ။ ဒီမှာ နေ့တိုင်း အလုပ်တွေ အများကြီးရှိတယ်။ ငါ့ညီက အရင်ဆုံး တောက်တိုမယ်ရ လိုက်လုပ်ကြည့်။ ပင်ပန်းမှာကို မကြောက်နဲ့။ ဒီနေရာမှာက activities ပေါင်းစုံရှိတယ်။ တစ်နေ့မှာ ကြော်ငြာရိုက်ဖို့ အခွင့်အရေးတောင် ရနိုင်တယ်။"

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now