အခန်း ၅၁ - ဖောက်ထွင်းမှုအကြောင်း ကျိုရှီအန်းကို ပြောပြခြင်း

5.7K 1.1K 48
                                    

(ချိုင်ဝေ့ ရုံးခန်းထဲမှာ)

"လန်မျိုးနွယ်၊ မင်း မရှက်တတ်ဘူးလား။ ငါ ကျိုရှီအန်း မျက်နှာကို ထောက်နေလို့သာပေါ့၊ မဟုတ်ရင် မင်း ဒီနေရာမှာ ရှိနေတော့မှာ မဟုတ်ဘူး။" ယန်မင်ရှုမျက်နှာ အရမ်းပျက်နေပြီး လန်ရှီရောင်ကို မှောင်ကုတ်ကုတ်ကြည့်နေသည်။

လန်ရှီရောင် မကျေမနပ် ပြန်ပြောသည်၊ "ဟွန်း၊ မင်းတို့ ယန်မိသားစု အင်အားကြီးတာ ငါသိတယ်၊ ဒါပေမယ့် ငါနေတဲ့ နိုင်ငံခြားအထိ လှမ်းချုပ်ကိုင်နိုင်လို့လား။ ငါ့ကို ခြိမ်းခြောက်စရာ မလိုဘူး၊ လန်ရှီရောင်ဆိုတဲ့ ငါက မင်းမျက်နှာရိပ် မျက်နှာကဲကို ကြည့်ပြီး စားသောက်နေတဲ့ကောင်မဟုတ်ဘူး။ ဟုတ်တာပေါ့၊ မင်းက အပြစ်ရှိသလို ခံစားနေရမှာပေါ့။ မင်းကြောင့်သာမဟုတ်ရင် အကိုရှီအန်း ဘယ်သေမှာလဲ။"

ယန်မင်ရှု ပြန်အော်သည်၊ "မင်း စောက်စကားထပ်ပြောရင် မင်းပါးစပ်ကို ဆွဲဖြဲပစ်မယ်။ ကျိုရှီအန်း မသေသေးဘူး၊ သူ့အလောင်းကို မတွေ့ရဘူး၊ သူ အသက်ရှင်နေဦးမှာ။ မင်း စောက်အမျိုးကန်းက ငါတို့အိမ်ထဲကို ခိုးဝင်ပြီးတော့မှ သူခိုးတွေ့တယ် လာပြောနေတယ်၊ အဲ့သူခိုးက မင်းပဲလေ။"

မနေ့က ညလယ်ကြီးမှာ သူ ချိုင်ဝေ့ဆီက ဖုန်းလက်ခံရသည်။ ချိုင်ဝေက ကျိုရှီအန်းအိမ်ကို သူခိုးဝင်တယ်လို့ ပြောပြီး သူ့ကို ပြန်လာကြည့်ဖို့ ပြောသည်။

ကျိုရှီအန်း မတော်တဆဖြစ်ပြီးနောက်ပိုင်း အိမ်သော့က အမြဲတမ်း ယန်မင်ရှုလက်ထဲမှာရှိသည်။ ကျိုရှီအန်းရဲ့ ပစ္စည်းတွေကို ဘယ်သူ့ကိုမှ ရွေ့ခွင့်မပေး၊ ကျိုရှီအန်းတစ်နေ့ ပြန်လာခဲ့ရင်ဆိုပြီး ဒီတိုင်းထားထားသည်။

သူ အဲဒီ့ကို ပြန်သွားလေ့ရှိသည်။ တစ်ခါတစ်လေ ခဏတာ၊ တစ်ခါတစ်လေ ရက်အနည်းငယ် နေတတ်သည်။ သူ ဆက်ပြီး အသက်ရှင်နိုင်ပြီလို့ ထင်ရတဲ့အချိန်ကျရင် ထိုအိမ်ကနေ ပြန်ထွက်လာသည်။

ထိုအိမ်က သူ ထာဝရ တန်ဖိုးထားရတဲ့ အရာတစ်ခုဖြစ်သည်။ ထိုနေရာမှာ သူနဲ့ ကျိုရှီအန်းရဲ့ အမှတ်တရတွေ အပြည့်ရှိသည်၊ အခုတော့ သူတို့နှစ်ယောက်အပြင် သူခိုးအကြောင်းထည့်မပြောသေးရင်တောင် ချိုင်ဝေနဲ့ လန်ရှီရောင် ထိုအိမ်ထဲမှာ ခြေချခဲ့သည်။ သူတို့ကို အစဖျောက်ပြစ်လိုက်ချင်သည်။

လူစားထိုး သရုပ်ဆောင် (translation, zawgyi)Where stories live. Discover now