သူနဲ့ အခုလေးတင် စကားပြောနေတဲ့လူက ၀မ်ယုတုန်ရဲ့ကုမ္ပဏီက ငွေအမြောက်အများ အကုန်အကျခံပြီး တင်ပေးနေတဲ့ မင်းသားသစ်တစ်ယောက်ဆိုတာ ကျိုရှီအန်း ချက်ချင်း မှတ်မိသွားသည်။ သူ TV သိပ်မကြည့်ပေမယ့် နေရာတိုင်းမှာ အရမ်းမြင်နေရတဲ့လူတွေကိုတော့ အလိုလိုမှတ်မိသည်။
တန်ယုရွှမ်ဆိုတဲ့နာမည်က အနုပညာနာမည် ဖြစ်လိမ့်မည်။ ချန်ယင်းပြောဖူးတဲ့ တန်ယင်းကို ကျိုရှီအန်း သတိရသွားသည်၊ မူလခန္ဓာကိုယ်ပိုင်ရှင် သိတဲ့လူ။ တန်ယင်းနဲ့ ဒီလူက အတူတူပဲလို့ သူ့မသိစိတ်မှာ ခံစားရသည်၊ ပြီးတော့ ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်နဲ့ တန်ယင်းနဲ့က ရင်းနှီးရုံအဆင့်ပဲ မဟုတ်လောက်ဖူး။
ချန်ယင်း ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အရင်တုန်းက အဖြစ်အပျက်တွေကို ဖုံးထားတာ ထူးဆန်းတယ်လို့ သူ အစထဲက ထင်နေတာ၊ အထူးသဖြင့် သူစနောက်ပြီး "ကျွန်တော့်မှာ ရည်းစားရှိလား"လို့ မေးလိုက်တုန်းက ချန်ယင်း ပိုပြီးတောင် မဖြေချင် ဖြစ်ခဲ့သည်။ လွန်ခဲ့တဲ့နှစ်ရက်က သူ ဆယ်လီသူငယ်ချင်းတစ်ယောက်ဆီက ပိုက်ဆံချေးလာတယ်လို့ ပြောတုန်းက ချန်ယင်း အရမ်းအမူအယာပျက်သွားခဲ့သည်။ တန်ယင်း အခုစကားပြောတဲ့ လေသံနဲ့ ပေါင်းလိုက်တော့ ကျိုရှီအန်း အကြမ်းဖျင်းတော့ ရိပ်မိသွားသည်။ ဒီခန္ဓာကိုယ် မူလပိုင်ရှင်နဲ့ ဒီ"တန်"မျိုးနွယ်နဲ့က အရင်က တွဲခဲ့ဖူးတာ ဖြစ်လိမ့်မည်။
ဒါကိုတွေးမိတော့ ကျိုရှီအန်း ခေါင်းကိုက်သွားသည်။ အဲ့လိုနားလည်သွားတော့ အရင်က ကိစ္စတွေကို ချန်ယင်း ဘာလို့ ဖုံးကွယ်ထားလဲ၊ မပြောပြလဲဆိုတာကို ရှင်းသွားသည်။ သူမအတွက်တော့ သူမသား မှတ်ဥာဏ်တွေပျောက်သွားပြီး သူကgayဆိုတာကိုတောင်မေ့သွားတာ ကောင်းတဲ့ကိစ္စဖြစ်သည်။ homosexualityက ပြုပြင်ပြောင်းလဲလို့မရတဲ့ အရာဆိုတာကို သူမ နားလည်နိုင်မှာမဟုတ်။
ဒီလိုသာ ဖြစ်မယ်ဆိုရင် ကျိုရှီအန်း ဒီ တန်မျိုးနွယ်နဲ့ ဝေးဝေးနေရမည်။ ကံကောင်းတာက ဒီတန်ယင်းကလည်း သူအနားကို ကပ်ချင်ပုံမရ။ ပြောရရင်လည်း တန်ယင်းက အခုနာမည်ကြီးနေပြီးဆိုတော့ သူ့imageကို ဂရုစိုက်ရတော့မယ်လေ။ ကျိုရှီအန်း ဒီကိစ္စကို သိပ်မစဉ်းစားတော့၊ သူက သူများအသိုက်မှာဝင်နေတဲ့ လေလွင့်ဝိဥာဉ်တစ်ခုသာ ဖြစ်သည်။ ဒီခန္ဓာကိုယ် မူလပိုင်ရှင်ရဲ့ အတိတ်ကို မှန်လားမှားလား ဆုံးဖြတ်ပေးပိုင်ခွင့် သူ့မှာမရှိ။
YOU ARE READING
လူစားထိုး သရုပ်ဆောင် (translation, zawgyi)
Romance(Unicode နဲ့ version လည်းရှိပါတယ်။ Profile က Works မှာ ဝင်ရှာကြည့်လို့ရပါတယ်။) ကျိုရှီအန်း ဒုတိယအကြိမ် ရှင်သန်ခွင့်ရခြင်းဟာ ဘုရားသခင်က သူ့ကိုပိုချစ်လို့ပဲလား၊ သူ့ကို နှိပ်စက်လို့မ၀သေးလို့ဘဲလား မသိ။ အရင်ဘ၀တုန်းက သူက big star ၀မ်ယုတုန်ရဲ့ လူစားထိုး စတ...